အာဖဂနစ္စတန်မှာ စိတ်ကြွဆေးထုတ်လုပ်မှုအန္တရာယ် ကုလသတိပေး 

အာဖဂန်နစ္စတန်နိုင်ငံ၊ မြို့တော် ကာဗူးလ်က တံတားတခုအောက်မှာ မူးယစ်ဆေးသုံးစွဲနေသူများ။ (စက်တင်ဘာ ၃၀၊ ၂၀၂၁)

အာဖဂန်နစ္စတန်ဟာ ဒီကနေ့ ကမ္ဘာပေါ်မှာ မက်သာဖက်တမင်း စိက်ကြွဆေးတွေကို အမြန်ဆုံးနှုန်းနဲ့ထုတ်လုပ်နေတဲ့ နိုင်ငံတနိုင်ငံဖြစ်လာနေကြောင်း ဒီကနေ့ ထုတ်ပြန်တဲ့ UNODC ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံးရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

အာဖဂန်နစ္စတန်မှာ ၂၀၂၁ ခုနှစ်က အာဏာရခဲ့တဲ့ တာလီဘန်တွေကတော့ ဘိန်းစိုက်ခင်းတွေကို နှိမ်နင်းသွားမှာဖြစ်တယ်လို့ ကြေညာထားပေမဲ့ ကမ္ဘာမှာ အာဖဂန်ဟာ ဘိန်းဖြူ အဓိက ထုတ်တဲ့ အရင်းအမြစ် နိုင်ငံဖြစ်နေဆဲပါ။

ကုလသမဂ္ဂအစီရင်ခံစာအရ အာဖဂန်နစ္စတန်မှာ စိတ်ကြွဆေးဖမ်းဆီးရမိတဲ့ နှုန်းမြင့်တက်လာသလို ထုတ်လုပ်မှု တိုးလာနေတယ်လို့ ဖေါ်ပြထားပါတယ်။ တာလီဘန် ပြည်ထဲရေးဝန်ကြီးဌာနက ပြောခွင့်ရကတော့ မက်သာဖက်တမင်းအပါအဝင် မူးယစ်ဆေးဝါးသုံးစွဲမှုတွေကို ရပ်တန့်ရေး လေးနှစ်အစီအစဉ်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း အာဖဂန်မှာ မက်သာဖက်တမင်းကို တရားဝင်ရနိုင်တဲ့ပစ္စည်းတွေ ဒါမှမဟုတ် တောရိုင်းတွေမှာပေါက်တဲ့ ephedra အပင်ကနေ ထုတ်ယူရရှိနိုင်တဲ့အတွက် ထိန်းချုပ်ဖို့ခက်ခဲနေကြောင်း ကုလသမဂ္ဂရဲ့အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

Your browser doesn’t support HTML5

အာဖဂနစ္စတန်မှာ စိတ်ကြွဆေးထုတ်လုပ်မှုအန္တရာယ် ကုလသတိပေး