ကွယ်လွန်သူ သမ္မတကတော်ဟောင်း Barbara Bush အမှတ်တရ

သမ္မတကတော်ဟောင်း Barbara Bush

ကွယ်လွန်သူ အမေရိကန်သမ္မတကတော်ဟောင်း Barbara Bush ဟာသူရဲ့မိသားစု သူ့နိုင်ငံ သူ့လူထုအတွက် စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သူဖြစ်တယ်လို့ အမေရိကန်နိုင်ငံရေးလောက အထင်ကရပုဂ္ဂိုလ်တွေက ဂုဏ်ပြုပြောကြားနေကြပါတယ်။

သမ္မတဒေါ်နယ်လ်ထရမ့်က အင်္ဂါနေ့က ကွယ်လွန်သွားတဲ့ Barbara Bush ဟာ အမေရိကန်မိသားစုရဲ့ အကျိုးဆောင်တဦးဖြစ်တယ်။ စာပေတတ်မြောက်ရေးဟာ မိသားစုတွေရဲ့ အခြေခံတန်ဖိုးဖြစ်တယ်ဆိုတဲ့ အသိနဲ့ အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့သူဖြစ်တယ်၊ သူ့ရဲ့လုပ်ရပ်တွေကို ကာလရှည်ကြာ အမှတ်တရဖြစ်နေကြလိမ့်မယ်လို့ ဆိုပါတယ်။ သမ္မတဟောင်း ဘာရက်အိုဘားမားနဲ့ မစ်ရှယ်လ် အိုဘားမားတို့ကလည်း သူတို့သမ္မတတာဝန်ယူခဲ့စဉ်ကာလတလျောက် ပြသခဲ့တဲ့ ခင်မင်ရက်ရောမှုတွေအတွက် Barbara Bush ကို ထာဝရကျေးဇူးတင်နေမှာဖြစ်ပြီး အများပြည်သူအကျိုးထမ်းရွက်ခြင်းဟာ မြင့်မြတ်တဲ့လုပ်ရပ်ဖြစ်တယ်ဆိုတာ အမေရိကန်စိတ်ဓါတ်နဲ့အညီ ရိုးသားတည်ကြည်စွာပြသ သွားတဲ့အတွက် ပိုပြီးဂုဏ်ကျေးဇူးကြီးမားတယ်လို့လည်း ဆိုပါတယ်။

Barbara Bush ရဲ့ခင်ပွန်းသည် George H Bush ကို ၁၉၉၂မှာ ရွေးကောက်ပွဲနိုင်ပြီး သမ္မတဖြစ်ခဲ့သူ ဘီလ်ကလင်တန်ကလည်း Barbara Bush ဟာထူးခြားနှစ်လိုဖွယ်ကောင်းတဲ့ ထက်မြက်ချောမောသူ တယောက်ဖြစ်တဲ့အကြောင်းပြောသလို သမ္မတဟောင်း ဂျင်မီကာတာနဲ့ ရိုစလင်းကာတာတို့ကလည်း နိုင်ငံသားတိုင်းဟာ စေတနာဝန်ထမ်းလုပ်ငန်းနဲ့ တိုင်းပြည်တိုးတက်အောင် လုပ်ဆောင်ဖို့ လိုအပ်တယ်ဆိုတာကို Barbara Bush ကပြသသွားခဲ့တယ်လို့ ဆိုကြပါတယ်။

Your browser doesn’t support HTML5

ကွယ်လွန်သူ သမ္မတကတော်ဟောင်း Barbara Bush အမှတ်တရ