အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုတခုဖြစ်တဲ့ ၂၀၀၃ ခုနှစ် မြန် မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေကို နောက်ထပ် သက်တမ်းတိုးဖို့ အထက် လွှတ်တော် ဘဏ္ဍာရေးကော်မတီကနေ မဲခွဲအတည်ပြုလိုက်ပါတယ်။ မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်း လဲမှုတွေ ဆက်လုပ်ဖို့လိုအပ်ချက်ရှိတာမို့ ဖိအားပေးဆက်ပေးဖို့ ဒီလို ပိတ်ဆို့မှုတွေကို ဥပဒေအတိုင်း ဆက်ထားဖို့ လိုအပ်တယ် လို့ ဘဏ္ဍာရေးကော်မတီက အထက်လွှတ်တော် အမတ်တွေက ပြောပါ တယ်။
ဒါပေမယ့်လည်း မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေ လျှော့ပေါ့ပေးရေး ကိစ္စရပ်တွေမှာ လွှတ်တော်အတွင်းနဲ့ လွှတ်တော်နဲ့အစိုးရအကြား သဘောကွဲလွဲမှုတွေကတော့ ရှိနေပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
အခု သက်တမ်းတိုးလိုက်တဲ့ ဥပဒေဟာ ၂၀၀၃ ခုနှစ် မေလ ဒီပဲယင်းအရေးအခင်းအပြီး ချမှတ်လိုက်တဲ့ အရေးယူမှုဖြစ်ပါတယ်။ အဓိက အချက်ကတော့ သွင်းကုန်ပိတ်ဆို့မှုဖြစ်ပါတယ်။ ဒီ ဥပဒေကို ဖယ်ရှားဖို့ လိုအပ်ချက်တွေ မပြည့်သေးတာကြောင့် အခုလို ဆက်ပြီး အရေးယူ သက်တမ်း တိုးလိုက်တာလို့ အမေရိကန်အထက်လွှတ်တော် ဘဏ္ဍာရေးကော်မတီ ဥက္ကဋ္ဌ Max Baucus က ပြောပါတယ်။
“မြန်မာအစိုးရအနေနဲ့ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ အပြုသဘောဆောင်တဲ့နိုင်ငံရေးခြေလှမ်းတွေ အတော်များများ ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ၂၀၀၃ ခုနှစ် မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေထဲမှာ အရေးယူပိတ်ဆို့မှုတွေဖယ်ရှားဖို့ဆိုရင် လိုအပ်တဲ့ အချက်အားလုံးကို လိုက်လျောဆောင်ရွက်မှုမရှိသေးပါဘူး။ သွင်းကုန်ပိတ်ဆို့မှုကို သုံးနှစ် ဆက်ထားခြင်း အားဖြင့် မြန်မာအစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားဖို့ ဖိအားဆက်ပေးသွားပါမယ်။”
ဒါပေမယ့်လည်း ဒီ ဥပဒေထဲမှာ သမ္မတရဲ့ လုပ်ပိုင်ခွင့်နဲ့ အရေးယူဒဏ်ခတ်မှုတွေ ကို လျှော့ပေါ့ပေးနိုင်တယ်ဆိုတဲ့ အချက် ပါဝင်ပါတယ်။ ဒါဟာ မြန်မာ့နိုင်ငံရေး အလှည့်အပြောင်း အပေါ်မှာ အစိုးရအနေနဲ့ လိုအပ်သလို လုပ်ကိုင်အရေးယူသွားနိုင်ဖို့ဖြစ်တယ်လို့ ဘဏ္ဍာရေးကော်မတီ ရဲ့ အကြီးတန်းအဖွဲ့ဝင်တဦးဖြစ်သူ အထက်လွှတ်တော်အမတ် Orrin Hatch က ပြောပါတယ်။
“အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံအကြား ကုန်သွယ်ရေးနဲ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စည်း မျဉ်းတွေ ဖြေလျှော့ပေးနိုင်ဖို့ အစိုးရကို လုပ်ပိုင်ခွင့်ပေးထားသလို မြန်မာနိုင်ငံမှာ အခြေ အနေတွေ ပြန်ဆိုးလာရင် ပိတ်ဆို့မှုတွေ ပြန်လုပ်နိုင်မယ့် အနေအထားမျိုး လည်း ပြင်ထားပါတယ်။ မြန်မာလူထုဟာ ဆင်းရဲမှုနဲ့ဖိနှိပ်မှုတံပိုးအောက်မှာ အချိန် အတော်ကြာကြာ နေခဲ့ရပါတယ်။
လုပ်ဆောင်စရာတွေ အတော်ကျန်နေသေးပေမယ့်လည်း လက်ရှိ အာဏာရပါတီခေါင်းဆောင်မှုနဲ့ အသစ်ရွေးခံရတဲ့ ကိုယ်စားလှယ်တွေဟာ ပွင့်လင်းတဲ့ မြန်မာလူ့အဖွဲ့အစည်းအတွက် ဝိုင်းဝန်း လုပ်ကိုင်ဆောင်ရွက်နေတာကိုလည်း အသိအမှတ်ပြုပြောကြားလိုပါတယ်။ ဒါဟာ လူထု အားလုံးအတွက် တရားဥပဒေစိုးမိုးရေးနဲ့ စီးပွားရေးအခွင့်အလမ်းကောင်းတွေ အခြေတည်ပေး လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”
အခု ၂၀၀၃ ခုနှစ် မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီအက်ဥပဒေဟာ လာမယ့် ဇူလိုင် ၂၈ ရက်မှာ သက်တမ်းပြည့်မှာမို့ ဒီမတိုင်ခင် အထက်လွှတ်တော်တခုလုံးနဲ့ အောက်လွှတ်တော်တခုလုံးက အတည်ပြုပေးရမှာဖြစ်ပြီး နောက်ဆုံးအဆင့် သမ္မတက လက်မှတ်ထိုးရမှာပါ။ အခု သုံးနှစ် အရေးယူမှုဥပဒေ တိုးလိုက်တယ်ဆိုပေမယ့် တနှစ်တခါတော့ သက်တမ်းတိုးသွားရမှာဖြစ်တယ်လို့ USCB အမေရိကန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ အမှုဆောင်ညွန်ကြားရေးမှူး ဦးအောင်ဒင်က ပြောပါတယ်။ တချိန်တည်းမှာ မြန်မာနိုင်ငံအပေါ် အရေးယူမှု လျှော့ပေါ့ရေးမှာ အမေရိကန်နိုင်ငံရေးသမားတွေအကြား သဘောကွဲလွဲမှုတွေ အတော်လေးရှိနေတယ်လို့လည်း ပြောပါတယ်။
“သုံးနှစ်တကြိမ် Reauthorize လုပ်ရတယ်။ Reauthorization ဆိုတာ ပြန်လည်ပြီးတော့ အာဏာတည်အောင်လုပ်တာပေါ့ဗျာ။ ပထမဆုံး ချမှတ်တဲ့အချိန်မှာ သုံးနှစ်သက်တမ်းချမှတ်တယ်။ တနှစ်တခါ သက်တမ်းပြန်တိုးတယ်။ သက်တမ်းပြန်တိုးဖို့အတွက်ကို ကွန်ဂရက်စ်မှာ ပြန်ပြီးတော့ ဥပဒေကြမ်းတင်ရတယ်။ သက်တမ်းကို Technically ပေါ့ဗျာ။ တော်တော်ရှုပ်ထွေးတဲ့ အချက်အလက်တွေပါပဲ။”
နောက်တခုက အခု အဆိုပြုထားတဲ့အထဲမှာ အစိုးရပေါ့နော်- Administration Power – waiver power ပေးထားတယ်လို့လည်း သိရပါတယ်။ အဲဒါက Import Bank တွေ ဘာတွေ အကုန်လုံးပါ ပါလား။
“ပါပါတယ်။ သမ္မတက သူ့ရဲ့အာဏာကိုသုံးပြီးတော့ အမျိုးသားလုံခြုံရေးအရ သူ လိုအပ်တယ် ဆိုလို့ရှိရင် သွင်းကုန်ပိတ်ဆို့ရေး ကန့်သတ်ချက် ကို ရပ်ဆိုင်းလို့ရတယ်၊ ဆိုင်းငံ့လို့ရတယ်ပေါ့။ တခုတော့ရှိတာပေါ့ဗျာ။ သမ္မတက အမျိုးသားလုံခြုံရေးဆိုတဲ့ အကြောင်းပြချက်နဲ့ ဆိုင်းငံ့ ချင်သည် ထားအုံးတော့ ဥပဒေကို ဦးဆောင်ဦးရွက်ပြုတဲ့ အမေရိကန် ကွန်ဂရက်စ်အမတ်တွေကိုတော့ သူ အသေအချာ ဆွေးနွေးဖို့တော့ လိုတာပေါ့။ ဆွေးလည်းဆွေးနွေးပါတယ်။”
ဟိုတနေ့ကတော့ အထက်လွှတ်တော်အမတ် မက်ကော်နယ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တိုက်ရိုက် စကားပြောကြတယ်လို့ သိရပါတယ်။ လွှတ်တော်ထဲမှာရော သဘောထား အရ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အရေးယူပိတ်ဆို့မှုတွေနဲ့ပတ်သက်လို့ လွှတ်တော်တွင်း သဘောထားက ဘယ်လို ရှိကြပါသလဲ။
“လွှတ်တော်ရဲ့ သဘောထားကလည်း မြန်မာနိုင်ငံအခြေအနေကို သူတို့ မပြတ် စောင့်ကြည့်နေ တာလေ။ စောင့်ကြည့်နေတဲ့အခါကျတော့ မြန်မာနိုင်ငံအတွင်းမှာ တိုးတက်မှုတွေရှိတာ သူတို့ မြင် တယ်၊ ဒါပေမဲ့ သူတို့နားလည်တာကတော့ လက်ရှိ အပြောင်းအလဲတွေဟာ နောက်ပြန်ဆုတ်နိုင်တဲ့ အခန်းကဏ္ဍတွေက အများကြီးရှိနေသေးတယ်။ မြန်မာနိုင်ငံပြည်သူတွေကလည်း အခုအချိန်မှာ တကယ်ပဲ လွတ်လပ်ခွင့်ပေါ့နော်- စာပေဆိုင်ရာ လွတ်လပ်ခွင့်တို့၊ အဖွဲ့အစည်းတည်ထောင်ခွင့်တို့ စသည်ဖြင့် လွတ်လပ်ခွင့်တွေကို အပြည့်အဝ မရသေးတဲ့ အချိန်လည်းဖြစ်တယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေနဲ့ပတ်သက်ပြီး အဓိကအားစမ်းမှုတွေက ၂၀၁၅ မှာ ဖြစ် မှာပါ။ ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လွတ်လပ်လပ် သန့်သန့်ရှင်းရှင်းနဲ့ လုပ်မှသာလျှင် အတိုက် အခံတွေ မျှော်လင့်သလိုပဲ အဲဒီရွေးကောက်ပွဲကနေပြီးတော့- နေရာအများစုရပြီးတော့ လွှတ်တော်နဲ့ အစိုးရအဖွဲ့ကို ဦးဆောင်နိုင်တဲ့ အပိုင်းကို ရောက်မှာကိုး။ အဲဒီတော့ အဲလိုအချိန်ရောက်တဲ့ အထိကိုပဲ အမေရိကန်ပြည်ထောင်စုက စိတ်ချရတဲ့ အနေအထား မရောက်သေးသရွေ့၊ ရှိနေတဲ့ နောက်ဆုံး ကျန်နေတဲ့- ပိတ်ဆို့မှုတွေကို ရုပ်သိမ်းချင်တဲ့ ဆန္ဒမရှိပါဘူူး။”
ဟုတ်ကဲ့။ ဟိုတလောကတော့ ဝေဖန်သံတချို့ ထွက်လာပါတယ်။ အထူးသဖြင့် မိုက်ဂရင်း တို့ဆို စာတွေ ဘာတွေ ရေးကြပါတယ်။ အဓိက ကတော့ အစိုးရဘက်က ပိတ်ဆို့မှုတွေ ဖြေလျှော့လိုက် တာ မြန်ဆန်လွန်းတယ်ဆိုတဲ့ အမြင်ပေ့ါနော်။ အဓိက-ကတော့ MOGE တို့ နဲ့ဆက်စပ်ပြီး ရေနံ နဲ့ သဘာဝဓာတ်ငွေ့ လုပ်ပိုင်ခွင့်တွေ ဘာတွေ ပေးလိုက်တာပါ။ တချိန်တည်းမှာပဲ အထက်လွှတ်တော် အမတ် မက်ကိန်းတို့ကလည်း သတိပေးတဲ့သဘောမျိုး ပြောတော့ လွှတ်တော်နဲ့အစိုးရကြားထဲမှာ ဒီအပေါ်မှာ သဘောထား ကွဲလွဲနိုင်တဲ့ အနေအထားရှိပါသလား။
“အခုကတော့ ကွဲတယ် ပြောရမှာပေါ့ဗျာ။ အရင်တုန်းကတော့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒနဲ့ပတ်သက်ပြီး ပါတီကြီး နှစ်ခုကြားထဲမှာ ပါတီနဲ့ အစိုးရကြားထဲမှာရော၊ လွှတ်တော်နဲ့အစိုးရကြားထဲမှာရော အများကြီး တူညီမှုရှိပါတယ်။ အခုလိုမျိုး ဖိအားပေးမှုတွေကို အတိုင်းအတာတခုအထိ ရုပ်သိမ်းရတဲ့ အချိန်မှာ ရုပ်သိမ်းမှုအတိုင်းအတာ ပမာဏနဲ့ပတ်သက်ပြီးတော့ လွှတ်တော်နဲ့အစိုးရကြားမှာ သဘောထားကွဲလွဲမှု အနည်းငယ်ရှိတယ်။ လွှတ်တော်ထဲမှာလည်း ဒီပါတီကြီး နှစ်ရပ်ကြားမှာ ကွဲလွဲမှုတစုံတရာရှိတယ်။ ဒါကတော့ သေချာပါတယ်။”
၁၉၉၇ ခုနှစ် မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုပါ ငွေကြေးဝန်ဆောင်မှုနဲ့ ပို့ကုန်တားမြစ်မှုတွေ ကိုတော့ သမ္မတ လုပ်ပိုင်ခွင့်နဲ့ မကြာခင်ကပဲ လျှော့ပေါ့ပေးခဲ့ပါတယ်။ ဒါ့အပြင် အခု ၂၀၀၃ ဥပဒေ သက်တမ်းတိုးပြီးရင်တော့ ဥပဒေပါအတိုင်း သမ္မတလုပ်ပိုင်ခွင့်နဲ့ အရေးယူမှုတွေကို လျှော့ပေါ့ဦးမယ့် အလားအလာလည်း ရှိပါတယ်။ ၂၀၀၈ ခုနှစ် JADE ဥပဒေဟာလည်း အခု ဇူလိုင်လကုန်မှာ သက်တမ်းပြည့်မှာမို့ အဲဒီ ၂၀၀၈ ဥပဒေကိုလည်း လွှတ်တော်နှစ်ရပ်စလုံးမှာ သက်တမ်း တိုးရေး ဆွေးနွေး ဆုံးဖြတ်ကြရဦးမယ့် အခြေအနေမှာရှိပါတယ်။