ဂျာမနီဝန်ကြီးချုပ် Angela Merkel က သူဟာ စတုတ္ထသက်တမ်း ပြန်လည်အရွေးခံဖို့ လုပ်နေတယ်လို့ တနင်္ဂနွေနေ့မှာ ကြေညာလိုက်ပါတယ်။
အခုလို တရားဝင်မကြေညာခင်မှာ သူဟာ သူ့ရဲ့ ခရစ်ယာန်ဒီမိုကရက်တစ်ပါတီ CDU က အကြီးတန်း အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ မစ္စက် Merkel က သတင်းထောက်တွေကို ပြောပါတယ်။
အခုလို ဆုံးဖြတ်ချက် အတွက် အချိန်ယူစဉ်းစားတာ ဖြစ်ခဲ့ပေမယ့် ဝန်ကြီးချုပ်အဖြစ် နောက်တကြိမ် တာဝန်ထပ်ယူဖို့ အသင့်ပါပဲ လို့လည်း ပြောပါတယ်။ ဒါဟာ ကျန်းမာရေး အခြေအနေပေးရင် နောက်ထပ် ၄ နှစ်သက်တမ်း တာဝန်ထမ်းဆောင်ဖို့ အတွက် ဆုံးဖြတ်ချက် ဖြစ်ကြောင်းလည်း ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ သမ္မတသစ်အဖြစ် Donald Trump အရွေးချယ်ခံခဲ့ရပြီး ဗြိတိန်နိုင်ငံကလည်း EU ဥရောပသမဂ္ဂကနေ ခွဲထွက်သွားခဲ့တဲ့ နောက်ပိုင်း ဥရောပတည်ငြိမ်ရေး အတွက် ထိမ်းပေးနိုင်သူအဖြစ် ဂျာမဏီနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်တဲ့ Angela Merkel ကို အများက သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။
အသက် ၆၂ နှစ် ရှိပြီဖြစ်တဲ့ Angela Merkel သာ ၂၀၁၇ ခုနှစ်မှာ အနိုင်ရခဲ့ပြီး နောက်ထပ် ၄ နှစ်သက်တမ်း ဆက်ပြီး တာဝန်ထမ်းဆောင် ခဲ့မယ် ဆိုရင် သူဟာ စစ်ပြီးခေတ်ကာလမှာ ဝန်ကြီးချုပ်တာဝန်ယူခဲ့တဲ့ Helmut Kohl လိုပဲ ၁၆ နှစ်ကြာ နိုင်ငံ့အကြီးအကဲ တယောက်အဖြစ် သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5
ဂျာမန်ဝန်ကြီးချုပ် Angela Markel စတုတ္ထအကြိမ် အရွေးခံမည်