ကပ်ဘေးအကန့်အသတ်ကြား Bethlehem ခရစ္စမတ်ပွဲတော် ကျင်းပ

Church of Nativity မှာ ကျင်းပတဲ့ သန်းခေါင်ယံ မစ္ဆားဆုတောင်းပွဲ တက်ရောက်ကြသူများ။ (ဒီဇင်ဘာ ၂၅၊ ၂၀၂၁)

(Zawgyi / Unicode)

သခင်ယေရှု မွေးဖွားရာ Bethlehem မြို့မှာ ခရီးသွားလာခွင့် ဒုတိယနှစ်အဖြစ် ကန့်သတ်ထားပေမယ့် ခရစ္စမတ်ပွဲတော်ကို ဒေသခံတွေက ကျင်းပခဲ့ကြပါတယ်။

မနှစ်တုန်းကတော့ အင်တာနက်ကနေပဲ လုပ်ခဲ့ရပေမယ့် ဒီနှစ်မှာတော့ လူအများ ပါဝင် ဆင်နွှဲနိုင်ကြတယ်လို့ မြို့တော်ဝန် Anton Salman က အေပီသတင်းဌာနကို ပြောပါတယ်။

ကိုဗစ်မဖြစ်ခင် ခရစ္စမတ်နေ့ဆိုရင် သမ္မာကျမ်းစာဝင် မြို့ကလေးကို ကမ္ဘာတဝန်းက လာရောက်ကြတဲ့ ခရီးသည်က ပျမ်းမျှ ၃ သန်း ရှိပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ လူနည်းနည်းနဲ့ပဲ ဆင်နွှဲကြရတာပါ။ လမ်းတွေပေါ်မှာ ရိုးရာအတိုင်း တီးမှုတ်ကခုန်ကြပါတယ်။

ယေရှုဖွားမြင်ခဲ့ရာ အထိမ်းအမှတ်အဖြစ် တည်ထားတဲ့ ခရစ်တော် ဖွားတော်မူခြင်း ဘုရားကျောင်း Church of Nativity မှာ သန်းခေါင်ယံ မစ္ဆားဆုတောင်းပွဲ ကျင်းပခဲ့ပါတယ်။ မနှစ်တုန်းကနဲ့ ယှဉ်လိုက်ရင်တော့ ဆုတောင်းပွဲလာသူ အများကြီး ပိုများတယ်လို့ ဘုန်းတော်ကြီးက ဆုတောင်းဝတ်ပြုကြတဲ့ ဒေသခံတွေကို ပြောပါတယ်။

နိုင်ငံခြားက လာရောက် ဆုတောင်းဝတ်ပြုလိုသူတွေကတော့ ခရီးသွားလာခွင့် ပိတ်ပင်ထားတဲ့အတွက် မတက်ရောက်နိုင်ကြပါဘူး။ ဝတ်ပြုကြသူတွေက နှာခေါင်းစည်း တပ်ထားကြတာပါ။

ခုလို ကပ်ဘေးကြီး မကြာမီ ပြီးဆုံးသွားပြီး Bethlehem မှာ ကမ္ဘာ့ဘုရားဖူးတွေနဲ့ ပြည့်နေပါစေကြောင်း ဆုတောင်းခဲ့တယ်လို့ ဘုန်းတော်ကြီး Pierbattista Pizzaballa က အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။

Your browser doesn’t support HTML5

ကပ်ဘေးအကန့်အသတ်ကြား Bethlehem ခရစ္စမတ်ပွဲတော် ကျင်းပ

--------------------

(Unicode)

ကပျဘေးအကန့ျအသတျကွား Bethlehem ခရစ်စမတျပှဲတောျ ကငြျးပ

သခငျယရှေု မှေးဖှားရာ Bethlehem မွို့မှာ ခရီးသှားလာခှင့ျ ဒုတိယနှဈအဖွဈ ကန့ျသတျထားပမေယ့ျ ခရစ်စမတျပှဲတောျကို ဒသေခံတှကေ ကငြျးပခဲ့ကွပါတယျ။




