အဆင်းရဲဆုံး တိုင်းပြည်တွေအတွက် ရံပုံငွေ ဒေါ်လာ သန်းပေါင်း ၄၀၀၀ ကို အမေရိကန် က ထည့်ဝင်မယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် က တနင်္လာနေ့က ပြောလိုက်ပါတယ်။
“ကမ္ဘာ့ဘဏ်ရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (IDA) ကို လာမယ့် ၃ နှစ်အတွင်း ဒေါ်လာ ၄ ဘီလီယံ ထည့်ဝင်ဖို့ အမေရိကန် ပြည်ထောင်စုက ကတိကဝတ်ပြုကြောင်း ဂုဏ်ယူစွာနဲ့ ကျွန်တော် အခု ကြေညာလိုက်ပါတယ်။” လို့ သမ္မတ ဘိုင်ဒန်က ဘရာဇီးနိုင်ငံ Rio De Janeiro မှာ ကျင်းပနေတဲ့ G 20 ခေါ် စီးပွါး အင်အားကြီး နိုင်ငံ ၂၀ ရဲ့ ထိပ်သီး အစည်းအဝေးမှာ ပြောသွားခဲ့တာပါ။
IDA ဟာ ကမ္ဘာ့ဘဏ်ရဲ့ အဖွဲ့ခွဲတခုဖြစ်ပြီး၊ အဆင်းရဲဆုံးတိုင်းပြည်တွေရဲ့ ဥတုရာသီဆိုင်ရာ စီမံချက်တွေ အပါအဝင် အခြေခံ အဆောက်အအုံ တည်ဆောက်ရေး စီမံချက်တွေအတွက် စျေးကွက် ပေါက်စျေးထက် နည်းတဲ့ အတိုးနှုန်းနဲ့ ငွေချေးပေးတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ သမ္မတ ဘိုင်ဒန် ဟာ ၆ ရက်ကြာ ခရီးစဥ်အဖြစ် တောင်အမေရိကကို ရောက်နေတာပါ။
တနင်္ဂနွေနေ့တုန်းကလည်း ဘရာဇီးလ်နိုင်ငံရဲ့ အမေဇုံ မိုးသစ်တောကို သွားရောက်ခဲ့ပြီး နှစ်နိုင်ငံ ဥတုရာသီဆိုင်ရာ ရံပုံငွေအတွက် တနှစ် ၁၁ ဘီလီယံအထိ တိုးမြှင့်မယ်လို့ ပြောပါတယ်။
Your browser doesn’t support HTML5