သမ္မတဟောင်းကလင်တန်ရဲ့ ကိုယ်တိုင်ရေးဝတ္တု

သမ္မတ တယောက်ဟာ ရာထူးကနေ အနားယူတဲ့အခါ ကိုယ်ရေးအထုပ္ပတ္တိ စာအုပ် ရေးလေ့ရှိပြီး အရောင်းရဆုံး စာအုပ်ဖြစ်ဖို့ မျှော်လင့်နိုင် ပါတယ်။ ဒါပေမဲ့ သမ္မတဟောင်း Bill Clinton ရဲ့ အခုနောက်ဆုံးထုတ် စာအုပ်ကတော့ အဲဒီထက် အများကြီး ပိုပြီး အောင်မြင်မယ့် စာအုပ် တအုပ်ဆိုတာ သေချာနေပါတယ်။ သမ္မတဟောင်း ကလင်တန်ဟာ လူအကြိုက်အများဆုံး ဝတ္ထုရေးဆရာ James Patterson နဲ့အတူ ပေါင်းပြီး သည်းထိပ်ရင်ဖို ဝတ္ထုဇာတ်လမ်းတပုဒ် ရေးခဲ့တာပါ။

“The President is Missing” ပျောက်ဆုံးနေတဲ့သမ္မတ - လို့နာမည်ပေးထားတဲ့ ဒီစာအုပ်ကိုတော့ ပြိုင်ဘက်ကုမ္ပဏီ နှစ်ခုဖြစ်တဲ့ Alfred A. Knopf နဲ့ Little, Brown and Company တို့ ထူးထူးခြားခြား ပူးတွဲပြီး ၂၀၁၈ ခုနှစ် ဇွန်လမှာ ထုတ်ဝေမှာဖြစ်ပါတယ်။ လက်ရှိ တာဝန်ထမ်းဆောင်ဆဲ သမ္မတတယောက်အဖြစ် ဇာတ်ကောင်လုပ် ဝတ္ထု ရေးရတာဟာ ပျော်စရာ ကောင်းတယ်လို့ တနင်္လာနေ့ကထုတ်တဲ့ သူ့ရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သမ္မတဟောင်း ကလင်တန်နဲ့ အတူလက်တွဲ လုပ်ရတာ ဟာ သူ့ရဲ့စာရေးဆရာ အလုပ်ကို ပိုပြီးထင်ပေါ်စေတယ်လို့ Patterson ကလည်း သူကိုယ်ပိုင် ကြေညာချက် ထုတ်ပြန်ပါတယ်။ ကလင်တန်ရဲ့ အတွေးအမြင်တွေဟာ စာဖတ်သူတွေကို သမ္မတတယောက်ရဲ့ ဘဝကို အတွင်းကျကျ နားလည်အောင် လုပ်ပေးနိုင်လိမ့်မယ် လို့လည်း Patterson က ပြောပါတယ်။ အခုဝတ္ထုဟာ အသက် ၇၀ အရွယ် သမ္မတဟောင်း ကလင်တန် ပထမဆုံးအကြိမ် ရေးသားတဲ့ စိတ်ကူးယဉ် ဝတ္ထုပဲ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

သမ္မတဟောင်းကလင်တန်ရဲ့ ကိုယ်တိုင်ရေးဝတ္တု