Brexit နုတ်ထွက်မှု ဝန်ကြီးချုပ် May နောက်ဆုံးကြိုးပမ်း

ဗြိတိသျှ ဝန်ကြီးချုပ် Theresa May ရဲ့ ဥရောပသမဂ္ဂ ကနေ ဗြိတိန်နုတ်ထွက်ဖို့ နောက်ဆုံး အဆိုပြုချက်ကို ဗြိတိသျှ လွှတ်တော်အမတ်တွေက ပြစ်တင်ရှုတ်ချနေချိန်မှာ သူ့ရဲ့ ကွန်ဆာဗေးတစ် နိုင်ငံရေးပါတီကလည်း ဝန်ကြီးချုပ် May ကို နုတ်ထွက်ဖို့ တောင်းဆိုမှုတွေ တိုးလာနေပါတယ်။

အတိုက်အခံ လွှတ်တော်အမတ်တွေ အဓိကတောင်းဆိုတဲ့ အချက် ဖြစ်တဲ့ EU က နုတ်ထွက်ရေးအပေါ် ဒုတိယအကြိမ် ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲ ကျင်းပရေး မဲခွဲဆုံးဖြတ်ဖို့ အစီအစဉ်ပါဝင်တဲ့ သူ့ရဲ့ ဥပဒေကြမ်းတရပ်ကို လွှတ်တော်မှာ နောက်လ တင်ပြဖို့ ရှိတယ်လို့ အင်္ဂါနေ့က May က ပြောခဲ့ပါတယ်။

ဒါ့အပြင် Brexit သဘောတူညီမှု ရရှိဖို့ နောက်ဆုံးကြိုးပမ်းချက်အဖြစ် EU နဲ့ ကုန်သွယ်ရေး သဘောတူညီမှုတွေ နီးနီး ကပ်ကပ် ဆောင်ရွက်သွားဖို့လည်း May က ကမ်းလှမ်းခဲ့ပါတယ်။ May က သူ့ရဲ့ ဥပဒေကြမ်းကို လွှွတ်တော်အမတ်တွေ ထောက်ခံဖို့ ပန်ကြားခဲ့ပြီး တကယ်လို့ ပယ်ချခဲ့ရင် စိတ်ဝမ်းကွဲမှုနဲ့ ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်မယ့်အခြေ ရောက်နိုင်တယ်လို့ ဗုဒ္ဓဟူးနေ့က လွှတ်တော်မှာ သတိပေးခဲ့ပါတယ်။ အခုလို Brexit နုတ်ထွက်မှု ဥပဒေကြမ်းကို လွှတ်တော်အမတ်တွေ လေ့လာဖို့အချိန် ရဖို့အတွက် သောကြာနေ့မှာ ထုတ်ပြန်မယ်လို့လည်း May က ပြောပါတယ်။

လွှတ်တော်အမတ်တွေ အနေနဲ့ May ရဲ့ အဆိုပြုချက်ကို သုံးကြိမ်တိုင် ယခင်က ပယ်ချခဲ့ပြီး ဖြစ်သလို သူ့ရဲ့ အခုနောက်ဆုံး ကြိုးပမ်းမှုဟာလည်း အခက်အခဲနဲ့ ရင်ဆိုင်ရဖွယ်ရှိပါတယ်။ ဒီဥပဒေကြမ်းကို ဇွန်လ ၃ ရက်နေ့ စတင်မယ့်သီတင်းပတ်မှာ လွှတ်တော်မှာတင်သွင်းပြီး မဲခွဲဆုံးဖြတ်ဖို့ သူက စီစဉ်ထားပါတယ်။

Your browser doesn’t support HTML5

Brexit နုတ်ထွက်မှု ဝန်ကြီးချုပ် May နောက်ဆုံးကြိုးပမ်း