ကော့မှူးမဲဆန္ဒရှင်တွေ တက်ကြွ

အခု ကျနော်ရောက်နေတာက ကော့မှူးမြို့နယ် အဖျောက်ကျေးရွာက မဲရုံအမှတ် ၁ ပေါ့နော်။ ရောက်ရောက်ချင်းပဲ ကြည့်လိုက်တော့ မဲပေးဖို့အတွက် တန်းစီနေတဲ့သူ တော်တော်များများ တွေ့တယ်ဗျ။ အပြည့်ပါပဲ။ သူတို့ကို မေးကြည့်တဲ့အခါကျတော့ ၅ နာရီခွဲလောက်ကတည်းက မဲရုံမှာ တန်းစီနေကြတာပေါ့နော်။ မဲလာပေးမယ့်သူတွေကို အဲ့လောက်အထိ ဘာလို့ အစောကြီး လာပြီး တန်းစီသလဲ ကျနော်မေးကြည့်တော့ တော်တော်များများက စိုးရိမ်ကြတယ်။ သူတို့ပြောတာက မဲပေးရမယ့် လူဦးရေနဲ့ အချိန်နဲ့ သူတို့ မမျှဘူး။ မပေးလိုက်ရမှာစိုးလို့ ဆိုပြီးတော့ တန်းစီကြတယ်။ မဲရုံမှူးကိုလည်း ကျနော် မေးကြည့်တယ်။ မေးကြည့်တော့ အခုက ၄ နာရီ ပိတ်ရမယ်ဆိုတော့ ပိတ်ရမယ့် အခြေအနေနဲ့ ပတ်သက်လို့ မှီပါ့မလား မေးတော့ မဲရုံမှူးကလည်း မမှီနိုင်ဘူးတဲ့။ မမှီပေမဲ့ သူတို့က သူတို့ရဲ့ ပရဝုဏ်ထဲကို ၄ နာရီအတွင်းမှာ ၄ နာရီပြည့်ပေမဲ့လည်း မဲရုံ မပိတ်ပါဘူးတဲ့။ ပရဝုဏ်ထဲ ရောက်လာတဲ့သူတွေအားလုံးကို မဲပေးခွင့်ရအောင် သူတို့ လုပ်ပေးမယ်။ သူတို့ ခန့်မှန်းချက်အရဆိုရင် ည ၁၀ နာရီမှတောင် ပြီးမယ်လို့ ပြောတယ်။

မေး - ဒါဆိုရင် လူတွေက တော်တော်လေးကို တက်တက်ကြွကြွ မဲလာပေးကြတဲ့ သဘောပေါ့နော်။ ဆိုတော့ စည်းကမ်းလိုက်နာမှုပိုင်းမှာရော ဘယ်လိုရှိလဲ။

ဖြေ - အားလုံးက အေးအေးဆေးဆေးပါပဲ။ သူတို့ သတ်မှတ်ထားတဲ့ အတိုင်းပါပဲ။ မဲရုံပတ်ဝန်းကျင်တွေမှာ လုံခြုံရေး ရဲတွေဘာတွေလည်း ချထားတာ တွေ့ရတယ်။ စိတ်ချရပါတယ်။ ကျနော် မဲရုံတဝိုက်ကို ကြည့်လိုက်တဲ့အခါမှာ မဲရုံ လုံခြုံရေးအတွက်ပေါ့နော် အထူးရဲတွေကို ချထားတယ်။ အထူးရဲ ၂ ယောက်တွေ့တယ်။ ပြီးတော့ ဘေးမှာဆိုရင်လည်း ရပ်မိရပ်ဖ မဲရုံစောင့်တဲ့သူတွေလည်းရှိပါတယ်။ အားလုံးက အေးအေးချမ်းချမ်းပါပဲ။ လူကတော့ တော်တော်များများတယ် ဒီမဲရုံမှာကတော့။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီမဲရုံကို လာမယ်ဆိုတော့ သတင်းထောက်တွေကလည်း တော်တော်များများ ဒီမှာ လာစောင့်နေတာတွေ့ရတယ်။

မေး - မဲပေးပြီးတော့ ပြန်ထွက်လာကြတဲ့ လူတွေဆီကရော ဘာပြောသံကြားရလဲ။ သူတို့ရဲ့ကျေနပ်မှု အနေအထား။

ဖြေ - ကျနော် ခုနက ထွက်လာတဲ့တယောက်ကို မေးကြည့်တယ်။ မေးကြည့်တဲ့အခါကျတော့ ဒါ ပထမဦးဆုံး မဲပေးတာလား ဆိုတော့ - လူငယ်တဦးပါပဲ - သူက မဟုတ်ပါဘူးတဲ့ ၂၀၁၀ ကတည်းက မဲပေးပါတယ်တဲ့။ အဲတော့ ၂၀၁၀ တုန်းက မဲပေးတာနဲ့ အခု မဲပေးတာနဲ့ သူ ဘယ်လိုခံစားမိလဲဆိုတော့ ဒီတခေါက်မှာတော့ သူ ပိုပြီး တက်ကြွတယ်တဲ့။ ပိုပြီးတော့ ပေးချင်တယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ သူ အပြောင်းအလဲ လိုချင်လို့ပါတဲ့။ အဲ့လိုပြောပါတယ်။ ဘယ်ကို မေးပေးသလဲဆိုတာတော့ ကျနော်လည်း မမေးပါဘူး။ သူလည်း မပြောပါဘူး။