ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် အပါအဝင် အရင်စစ်အစိုးရ နအဖခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ (အငြိမ်းစား)တို့ နဲ့ပါ သီးခြားစီတွေ့ဆုံခွင့်ရခဲ့ပါတယ်။
ဒီတွေ့ဆုံပွဲတွေနဲ့ပတ်သက်ပြီး နောက်တက်လာမယ့် အစိုးရသစ်တရပ်ကို ချောချောမွေ့မွေ့နဲ့အာဏာလွှဲပြောင်းနိုင်ရေး ပူးပေါင်းဆောင်ရွက် သွားမယ်လို့ နှစ်ဘက်စလုံးကကြေညာပါတယ်။
ဒါဟာ အနိုင်ရပါတီတရပ်ကို ချောချောမွေ့မွေ့နဲ့အာဏာလွဲှပြောင်းတာဟာ မြန်မာသမိုင်းမှာ ပထမဦးဆုံးအကြိမ်ဖြစ်လာပါလိမ့်မယ်။
ဒီတွေ့ဆုံမှုတွေနဲ့ပတ်သက်ပြီး သောတရှင်တွေဘယ်လိုမြင်ကြပါသလဲ။ စနေနေ့ညတိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။
Your browser doesn’t support HTML5