တရုတ်ကုမ္ပဏီ အကြီးအကဲဖမ်းဆီးမှု ကန်-တရုတ် ကုန်သွယ်ရေးညှိနှိုင်းမှု ခက်ခဲဖွယ်ရှိ

ထင်ရှားတဲ့ တရုတ် နည်းပညာကုမ္ပဏီ အကြီးအကဲ တဦးကို ဖမ်းဆီးထားတာနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ် ၂ နိုင်ငံကြား ကုန်သွယ်ရေး ဆိုင်ရာ ပြေလည်မှုမရတဲ့ အခြေနေဖြစ်လာမှာကို စိုးရိမ်မှုတွေ ရှိနေတဲ့ ကြားကပဲ အမေရိကန် သမ္မတ အိမ်ဖြူအရာရှိတွေက အမေရိကန်- တရုတ် ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးမှုတွေမှာ ဆက်ပြီး တင်းတင်းမာမာလုပ်နေတာ တွေ့ရပါတယ်။

အမေရိကန်နဲ့ တရုတ်တို့ကြား ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုတွေ ဖြစ်စေတဲ့ အဓိကအကြောင်းတခုဖြစ်စေတဲ့ Huawei နည်းပညာကုမ္ပဏီရဲ့ ဘဏ္ဍာရေး အကြီးအကဲဖြစ်သူ Meng Wanzhou ကို ဖမ်းဆီးထားတာနဲ့ပတ်သက်ပြီး VOA ရဲ့ မေးမြန်းချက်ကို သမ္မတအိမ်ဖြု ကုန်သွယ်ရေးနဲ့ စီးပွားရေးဆိုင်ရာ အကြံပေး Peter Navarro က ထပ်တလဲလဲ ငြင်းဆိုခဲ့ပါတယ်။

ဒါပေမယ့် တရုတ်ဘက်က သူတို့ရဲ့ စီးပွါးရေးကို အခြေခံ အပြောင်းအလဲတွေ လုပ်ဆောင်ပေးမလားလို့ Trump အစိုးရအဖွဲ့က မေးနေတာ မဟုတ်ပဲ ပေးရမယ်လို့ တောင်းဆိုနေတာ ဖြစ်ကြောင်း Navarro က ပြောကြားခဲ့သလို နိုင်ငံတကာကုန်သွယ်ရေးမှာ တရားမျှတစွာ လုပ်ဆောင်ဖို့ တောင်းဆိုနေတာ ဖြစ်ကြောင်းလည်း ပြေ့ာပါတယ်။

အမေရိကန်သမ္မတ Donald Trump က သူဟာ တရုတ်သွင်းကုန်တွေ အပေါ် အခွန်တိုးကောက်မယ် လို့ ပြောကြားခဲ့ပြီးတဲ့ နောက် ရက်ပေါင်း ၉၀ မတိုင်ခင်မှာ အမေရိကန်နဲ့ တရုတ်တို့ကြား သဘောတူညီမှု ရလာနိုင်တယ်လို့လည်း Navarro က အခုထိ အကောင်းဘက်က ဆက်ပြောနေဆဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည် တရုတ်ဟာ သူ့ရဲ့ ကုန်သွယ်ရေး ဆိုင်ရာ ကတိကဝတ်တွေ အတိုင်း လုပ်ဆောင်လေ့မရှိတဲ့ ရာဇဝင် ရှိတယ်လို့လည်း Navarro က ပြောပါတယ်။

Your browser doesn’t support HTML5

တရုတ်ကုမ္ပဏီ အကြီးအကဲဖမ်းဆီးမှု ကန်-တရုတ် ကုန်သွယ်ရေးညှိနှိုင်းမှု ခက်ခဲဖွယ်ရှိ