ကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း Colin Powell ကွယ်လွန်

FILE PHOTO: Former U.S. Secretary of State Colin Powell speaks by video feed during the virtual 2020 Democratic National Convention as participants from across the country are hosted over video links from the originally planned site of the convention in M

FILE PHOTO: Former U.S. Secretary of State Colin Powell speaks by video feed during the virtual 2020 Democratic National Convention as participants from across the country are hosted over video links from the originally planned site of the convention in M

{{Zawgyi/Unicode}}

အမေရိကန်ပြည်ထောင်စုက နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်တဲ့ ပထမဆုံးလူမည်းအမျိုးသား၊ စစ်ဘက်ဆိုင်ရာ ထိပ်တန်းအရာရှိဟောင်း Colin Powell အသက် ၈၄ နှစ်အရွယ်မှာ ဒီကနေ့ အောက်တိုဘာလ ၁၈ ရက်နေ့ကပဲ ကွယ်လွန်သွားပါတယ်။

ကိုဗစ် ၁၉ ရောဂါရဲ့ နောက်ဆက်တွဲ ကျန်းမာရေးအခြေအနေကြောင့် ကွယ်လွန်တာဖြစ်တယ်၊ သူက ကာကွယ်ဆေး အပြည့်အဝ ထိုးထားပြီးသူ ဖြစ်တယ်လို့ ဖေ့ဘုတ်လူမှုကွန်ယက်စာမျက်နှာမှာ သူ့မိသားစုက ကြေညာချက်ထုတ်ပြန်ပါတယ်။ သိပ်ချီးကျူးစရာကောင်းတဲ့ ချစ်ခင်ပွန်းဖြစ်သူ၊ ဖခင်ဖြစ်သူ၊ အဖိုးဖြစ် သူ၊ လေးစားစရာ အမေရိကန်နိုင်ငံသားတဦးကို ဆုံးရှုံးလိုက်ရတာ ဖြစ်တယ်လို့ မိသားစု ကြေညာချက်မှာ ပြောထားပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ Mr. Powell ဟာ ဆယ်စုနှစ်ပေါင်းများစွာအတွင်း အထင်ရှားဆုံး လူမည်းခေါင်းဆောင်တဦး ဖြစ်ပါတယ်။ ရီပတ်ဘလစ်ကန်သမ္မတ ၃ ဦးက အဆင့်မြင့်ရာထူးတွေ တာဝန်ပေးအပ်ခံရ သူလည်းဖြစ်ပြီး ဗီယက်နမ်စစ်ပွဲမှာ စစ်ဒဏ်ခံခဲ့ရပြီးနောက် အမေရိကန်စစ်တပ်မှာ ရာထူးအမြင့်ဆုံးရခဲ့ပါတယ်။ ဗီယက်နမ်စစ်ပွဲမှာ ဒဏ်ရာရခဲ့တဲ့ Mr. Powell ဟာ ၁၉၈၇ ခုနှစ်ကနေ ၁၉၈၉ ခုနှစ်အထိ သမ္မတ Ronald Reagan လက်ထက်မှာ အမျိုးသားလုံခြုံရေး အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာပါ။

၁၉၉၁ ပင်လယ်ကွေ့စစ်ပွဲကာလ အမေရိကန်သမ္မတ George H. W. Bush လက်ထက်မှာ ကြယ် ၄ ပွင့်တပ် ဗိုလ်ချုပ်ကြီး Colin Powell က စစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။သဘောထားအလယ်အလတ်ရှိသူ republican ပါတီကို ထောက်ခံသူ၊ လက်တွေ့ကျတဲ့ Mr. Powell ကို ၁၉၉၆ ခုနှစ်က သမ္မတနေရာဝင်ပြိုင်ဖို့ ပြောဆိုမှုတွေရှိပေမဲ့ ဇနီးဖြစ်သူရဲ့ကန့်ကွက်မှုကြောင့် သူဝင်ရောက် မယှဉ်ပြိုင်ဖြစ်ပါဘူး။

၂၀၀၈ ခုနှစ်မှာတော့ သူ ရီပတ်ဘလစ်ကန်ပါတီနဲ့ သဘောထားကွဲပြီး အဲဒီတုန်းက သမ္မတလောင်း Barack Obama ဒီမိုကရက်သမ္မတ ဖြစ်ဖို့ တရားဝင် ထောက်ခံခဲ့ပါတယ်။ Mr. Powell ဟာ သမ္မတ George W. Bush လက်ထက် ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီလမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အီရတ်ကိစ္စတင်ပြမှုနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ကြီးကြီးမားမား ဖြစ်ခဲ့ပါတယ်။ အီရတ်သမ္မတSaddam Hussein ဟာ ကမ္ဘာအတွက် အန္တရာယ်အကြီးဆုံး ဓာတုနဲ့ ဇီဝလက်နက်တွေ စုဆောင်းနေတယ်ဆိုပြီး တင်ပြခဲ့တာဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ သူ့ရဲ့တင်ပြမှုထဲမှာ လွဲမှားတဲ့အချက်တွေ၊ ထောက်လှမ်းရေးသတင်းလွဲတွေ ပါဝင်တယ်ဆိုပြီး ကုလသမဂ္ဂမှာ သူ့ရဲ့တင်ပြမှုဟာ သူ့သမိုင်းမှာ ထင်ကျန်သွားခဲ့တယ်လို့ ဝန်ခံသွားပါတယ်။

Your browser doesn’t support HTML5

ကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း Colin Powell ကွယ်လွန်


----------

{{Zawgyi/Unicode}}








#ColinPowell #USPolitics #VOABurmese