COVID-19 ကာကွယ်ဆေး ဗြိတိန်မှာ လူနဲ့ ပထမဆုံးစမ်းသပ်

ဗြိတိန်နိုင်ငံ Oxford တက္ကသိုလ်မှာ COVID-19 ရောဂါကာကွယ်ဆေးကို လူနဲ့ ပထမဆုံး ဆေးထိုး စမ်းသပ်နေပုံ။ (ဧပြီ ၂၃၊ ၂၀၂၀)

(Zawgyi/Unicode)

COVID-19 ရောဂါကာကွယ်ဆေး ဖော်ထုတ်နိုင်ဖို့ ကြိုးစားနေကြတဲ့ ဗြိတိန်နိုင်ငံ Oxford တက္ကသိုလ်က သိပ္ပံပညာရှင်တွေက လူတွေမှာ ပထမဆုံး ဆေးထိုး စမ်းသပ်ခဲ့ကြပါတယ်။ ဆေးသစ် စမ်းသပ်မှုမှာပါဝင်ဖို့ ဆန္ဒရှိသူ နှစ် ယောက်ကို ကြာသပတေးနေ့က COVID-19 ဆေးထိုးပြီး စတင် စမ်းသပ်တာဖြစ်ပါတယ်။ အောင်မြင်မယ်လို့ မေ ျှာ်လင့်ထားကြောင်း ဒီစမ်းသပ်မှုကို ဦးဆောင်တဲ့ သိပ္ပံပညာရှင် ပါမောက္ခ Sarah Gilbert ကပြောပါတယ်။

"အလုပ်ဖြစ်မယ်လို့ ယုံကြည်မေ ျှာ်လင့်ပါတယ်။ ဒီဆေးရဲ့ အစွမ်းအာနိသင်ကို စမ်းသပ်နေတာဖြစ်လို့ ထိရောက်မှုရှိ၊ မရှိသိရပါလိမ့်မယ်။" လို့ ပါမောက္ခ Sarah Gilbert ပြောသွားတာဖြစ်ပါတယ်။

အီတလီ၊ ဂျာမနီနဲ့ Belgium နိုင်ငံတွေက သုတေသီတွေကလည်း ကာကွယ်ဆေးသစ်ဖော်ထုတ်နိုင်ဖို့ စမ်းသပ်မှုတွေကို ပူးပေါင်းလုပ်နေကြပြီး လာမယ့်လပိုင်းအတွင်း လူတွေနဲ့ စတင်စမ်းသပ်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။

COVID-19 ရောဂါကာကွယ်ဆေးထုတ်နိုင်ဖို့ ကမ္ဘာတဝန်းလေ့လာသုတေသန လုပ်နေကြတဲ့ စမ်းသပ်ဆေး ၁၀၀ လောက် ရှိနေပါတယ်။ အဲဒီထဲက ၅ ခုထက်မနည်းက ပထမစမ်းသပ်မှုအဆင့်အဖြစ် လူတွေနဲ့ ကနဦး စမ်းသပ်ဖို့ စီစဉ်နေကြပါတယ်။

အမေရိကန် ပြည်တွင်းလုံခြုံရေးဌာနလက်အောက်က သိပ္ပံနဲ့နည်းပညာဌာန အမြဲတန်းအတွင်းဝန် William Bryan

တချိန်ထဲမှာပဲ အပူ၊ နေရောင်နဲ့ စိုထိုင်းမှုတွေက coronavirus ပိုး မြန်မြန်သေအောင် လုပ်ကောင်း လုပ်နိုင်ပုံရတယ်လို့ အမေရိကန် ပြည်တွင်းလုံခြုံရေးဌာနလက်အောက်က သိပ္ပံနဲ့ နည်းပညာဌာန အမြဲတန်းအတွင်းဝန် William Bryan က အိမ်ဖြူတော်သတင်းစာရှင်းပွဲမှာ ကြာသပတေးနေ့က ပြောကြားသွားပါတယ်။

ရောဂါပိုးဟာ ပြင်ပထက် အမိုးအောက်ခြောက်သွေ့တဲ့နေရာတွေမှာ ပိုပြီးအသက်ရှင်ပုံရတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ပူပြင်းခြောက်သွေ့တဲ့ နွေရာသီလတွေမှာ ရောဂါပိုးပျောက်ကင်းသွားမယ်လို့ ပြောရင်တော့ တာဝန်မဲ့ရာကျတယ်လို့လည်း သူက ပြောပါတယ်ရှင်။

Your browser doesn’t support HTML5

COVID-19 ကာကွယ်ဆေး ဗြိတိန်မှာ လူနဲ့ ပထမဆုံးစမ်းသပ်

[Unicode Version]





SEE ALSO: COVID-19 ကာကွယ်ဆေး တရုတ်စမ်းသပ်မှု ဒုတိယဆင့်ရောက်ပြီ


