နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ခေတ်သစ်ပိုးလမ်းမကြီးလို့ခေါ်တဲ့ ခါးပတ်လမ်းတည်ဆောက်ရေး ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ဖို့အတွက် တရုတ်နိုင်ငံဘေဂျင်းမြို့ကို ရောက်ရှိသွားပြီဖြစ်ပါတယ်။
နေပြည်တော်ကနေ ဒီကနေ့မနက်ပိုင်းက ထွက်ခွာလာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ကူမင်းမြို့ကနေတဆင့် အထူးလေယာဉ်နဲ့ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်ကို ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲမှာ ရောက်ရှိခဲ့တာဖြစ်ပြီး ဘေဂျင်းမြူနီစပယ်အစိုးရ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်ရဲ့ ဒု-ဥက္ကဋ္ဌ Mr. Wang Yongqing ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ၊ တရုတ် နဲ့ မြန်မာ ၂ နိုင်ငံသံအမတ် ၂ ဦး အပြင် မြန်မာစစ်သံမှူး နဲ့ သံရုံးတာဝန်ရှိသူတွေက လေဆိပ်မှာ ကြိုဆိုခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီကနေ သူတည်းခိုမယ့် ကျောက်ယုထိုင် နိုင်ငံတော် ဧည့်ဂေဟာကို ထွက်ခွာခဲ့ကြတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက မကြာခင်ကပဲ သတင်းထုတ်ပြန်ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ပို့ဆောင်ရေး နဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်၊ ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်၊ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးကျော်တင် နဲ့ စီးပွားရေး နဲ့ ကူးသန်းရောင်းဝယ်ရေး ဒု-ဝန်ကြီး ဦးအောင်ထူး နဲ့ တခြား တာဝန်ရှိပုဂ္ဂိုလ်တွေ လိုက်ပါသွားကြပါတယ်။
ဘေဂျင်းမြို့မှာ မေလ ၁၄ နဲ့ ၁၅ ရက်နေ့တွေမှာ ၂ ရက်ကြာကျင်းပမယ့် ဒီဆွေးနွေးပွဲကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres၊ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Jim Yong Kim, IMF အကြီးအကဲ Christine Lagarde၊ ရုရှားသမ္မတ ဗလာဒီမီယာပူတင်၊ အီတလီဝန်ကြီးချုပ် Paolo Gentolini အပါအဝင် ကမ္ဘာနိုင်ငံ ၂၉ နိုင်ငံက အကြီးအကဲတွေ နဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ကြမှာဖြစ်သလို အမေရိကန် ကလည်း တက်ရောက်မှာဖြစ်တယ်လို့ ပြောထားပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ကတော့ - တရုတ်နိုင်ငံက အဆိုပြုတဲ့ ဒီခေတ်သစ်ပိုးလမ်းမစီမံကိန်းနဲ့ ပတ်သက်ပြီး၊ ချီးကျူးပြောဆိုသွားပါတယ်။
Your browser doesn’t support HTML5