ဒေါ်အောင်ဆန်းစုကြည်ဟာ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းနဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် ကုလသမဂ္ဂမှာ လက်ရှိ တာဝန်ထမ်းနေကြတဲ့ မြန်မာဝန်ထမ်းတွေ၊ မြန်မာပြည်က တာဝန်ထမ်းဆောင်နေသူတွေ၊ ကုလသမဂ္ဂအငြိမ်းစား မြန်မာဝန်ထမ်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲ့လိုတွေ့ဆုံရာမှာ အမိနိုင်ငံအတွက် ကောင်းကျိုးပြုပေးကြဖို့ တိုက်တွန်းပြောကြားခဲ့သလို၊ ပြည်ပအကူအညီကို ဘယ်လိုရယူသင့်သလဲဆိုတာကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။ အသေးစိတ်ကိုတော့ ဦးကျော်ဇံသာက ဆက်ပြီး ပြောပြပေးပါမယ်။
ဒီကနေ့ ကုလသမဂ္ဂမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ကုလသမဂ္ဂဆိုင်ရာ မြန်မာဝန်ထမ်းတွေ၊ ဝန်ထမ်းဟောင်းတွေနဲ့ တွေ့ဆုံမူဟာ ထူးခြားတဲ့ အစီအစဉ်တရပ်လို့ ဆိုရပါလိမ့်မယ်။ ဒီပုဂ္ဂိုလ်တွေဟာ သူတို့ကိုယ်တိုင် သိလာရတဲ့ နိုင်ငံတကာ အတွေ့အကြုံတွေကို အခြေခံပြီးတော့ အမိနိုင်ငံအတွက် အကြံညဏ်တွေကို အပိုအလိုမရှိ တင်ပြဆွေးနွေး ခဲ့ကြတာ ကို တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က လည်း တချိန်တုန်းက ကုလသမဂ္ဂမှာ တာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်လေတော့ ဒီလူတွေဆီက အကြံညဏ်တွေ ရယူနိုင်မယ်ဆိုတာက သူက သိရှိထားပါတယ်။
“အခုလာတာက တကယ်တော့ အကြံညဏ်တွေ ယူဖို့ပါ။ နားထောင်ဖို့ပါ။ ကျမတို့နိုင်ငံရဲ့ တိုးတက်ရေးအတွက်၊ ဖွံ့ဖြိုးရေးအတွက်၊ ဘယ်လိုအကြံညဏ်တွေ ပေးကြချင်သလဲ၊ ဘယ်လိုအကြံညဏ်တွေ ယူပြီးတော့ နိုင်ငံတိုးတက်ရေးအတွက် လုပ်နိုင်မလဲဆိုတာကို ပူးပေါင်းပြီးတော့ စဉ်းစားဖို့ ဖြစ်ပါတယ်။
ကျမတို့ ဒီမိုကရေစီကို ယုံကြည်တယ်ဆိုရင် ခေါင်းအများကြီး ယုံကြည်မူရှိရမယ်။ အမျိုးမျိုး အတွေးအခေါ် အမြင်တွေကို အကြံတွေကို နားထောင်ရဲရမယ်။ သုံးသပ်ရဲရမယ်။ ဘယ်ဟာလေးက အကောင်းဆုံးဖြစ်လဲ၊ ဘယ်ဟာလေးက အသင့်တော်ဆုံး ဖြစ်လဲဆိုတာကိုလည်း ဆုံးဖြတ်ချက် ချရဲရမယ်။
အဲ့ဒီ့တော့ အဲ့ဒီ့ဟာကို လုပ်တဲ့နေရာမှာလည်း အများရဲ့ ပါဝင်မူနဲ့ လုပ်ဆောင်စေချင်တယ်။
ဒီမိုကရေစီလမ်းကြောင်းသွားမယ်ဆိုလို့ရှိရင် ပွင့်လင်းမြင်သာမူဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့်မို့လို့ အားလုံးဟာ ပွင့်ပွင့်လင်းလင်းနဲ့ ဆွေးနွေးကြစေလိုပါတယ်။ဆုံးဖြတ်ချက် ချတဲ့အခါမှာ ဘာကြောင့်ချလဲဆိုတာကို ထင်သာမြင်သာ ဖြစ်ရပါမယ်။”
အကြံညဏ်တင်ပြတဲ့အထဲမှာ အဓိကကျတဲ့ အချက်တခုကို သတိပြုမိ တာကတော့ ပြည်ပအကူအညီနဲ့ပတ်သက်ပါတယ်။ ဥပမာ ကုလသမဂ္ဂရဲ့ ဒေသဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ရုံးချုပ်တွေကို မြန်မာနိုင်ငံလို နေရာမျိုးမှာ ဖွင့်လှစ်မယ်ဆိုရင် လက်ခံနိုင်မလား။ တခါ ပြည်ပအကူအညီတွေ ပိုမို ရရှိနိုင်တဲ့ နည်းလမ်း စတာတွေကိုလည်း တင်ပြကြတာ တွေ့ရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း အခုလို ပြန်လည်ဆွေးနွေးခဲ့ပါတယ်။
“ကျမတို့ နိုင်ငံမှာ အကူအညီတွေ လိုတာတော့ အမှန်ပါပဲ။ ဒါပေမယ့် စနစ်တကျတော့ ပေးဖို့ လိုပါတယ်။ အကူအညီ သိပ်များပြီး စနစ်မကျလို့ရှိရင် တချို့နိုင်ငံတွေမှာ ဥပမာဆိုလို့ရှိရင် အရင်တုန်းက ကမ္ဘောဒီးယားမှာ ဖြစ်ခဲ့သလိုပေါ့။ ပေးတဲ့အကူအညီတွေက သိပ်များတယ်။ စနစ်မကျတဲ့အခါကျတော့ တော်တော်များများ အဟောသိကံဖြစ်သွားတာပေါ့။ အဲ့တာမျိုးတော့ ကျမတို့ မဖြစ်စေချင်ဘူး။
စနစ်ကျကျနဲ့ နည်းလမ်းကျကျနဲ့ လုပ်နိုင်ဖို့ကိုတော့ ကျမတို့ ညှိနှိုင်းပြီးတော့ ဖြစ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံကို ကူညီချင်တာတွေ အများကြီးရှိပါတယ်။ ဒါကြောင့်မို့လို့ တချို့ကဆိုရင် “ Go rush of invested and donors” ပေါ့နော်။
Aids တွေဘာတွေဟာ သေသေချာချာ မညှိလို့ရှိရင် သိပ်များပြီးတော့ အဟောသိကံဖြစ်သွားလို့ရှိရင် နောင်ကျလို့ရှိရင် ဒီလိုပေးတဲ့အကူအညီတွေဟာ မထိရောက်ဘူးဆိုတဲ့အမြင်နဲ့ ကူညီချင်တဲ့သူတွေက တွန့်သွားမှာကိုလည်း ကျမတို့ စိုးရိမ်ရပါတယ်။”
ဒီဆွေးနွေးပွဲမှာ တက်ရောက်လာကြတဲ့ ကုလသမဂ္ဂမြန်မာဝန်ထမ်းဟောင်းတွေထဲမှာ မြန်မာနိုင်ငံ မဆလခေတ်တုန်းက ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဒေါက်တာညီညီလည်း ပါဝင်ပါတယ်။ အသက်၈၄နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါက်တာညီညီကလည်း ဒေါ်အောင်ဆန်းစုကြည်အတွက် ကျမ်းမာရေး ဂရုစိုက်ဖို့ အကြံညဏ်ပေးပြီး ပြည်ပအကူအညီယူတဲ့ကိစ္စနဲ့ပတ်သက်ပြီးလည်း အခုလိုဖြည့်စွက် ဆွေးနွေးခဲ့ပါတယ်။
“အရေးကြီးတာ ကျနော်တို့မှာ ကိုယ့်ပြသနာကို ဘာရှိလဲဆိုတာ ကိုယ် အရင်သိအောင် လုပ်ဖို့လိုပါတယ်။ ကိုယ့်ပြသနာကို ကိုယ်မဆုံးဖြတ်နိုင်ရင် ကျန်တဲ့သူက လာပြီး ဆုံးဖြတ်ပေးမယ်။ ခင်ဗျားတို့ လုပ်နိုင်တာ ဒါပဲဆိုပြီး၊ လာပေးရင် အဲ့တာ ပိုက်ဆံတွေလာပေးလို့ ယူလိုက်ရင် ကျနော်တို့ ပိုက်ဆံကုန် တာထက် အချိန်ကုန်တာနဲ့ သိပ်အရေးကြီးတယ်။
ကျနော် ပထမဆုံးအဆင့် တင်ပြချင်တာက ဒေါ်စုရော အစိုးရရောပေါ့လေ ဘာလုပ်ဖို့လိုလည်းဆိုတော့ ကိုယ့်မှာ ဘာပြသနာတွေရှိလဲ ဒါတွေ ဘယ်လိုများဖြေရှင်းရင်ကောင်းမလဲဆိုတာ ကိုယ့်ဘာသာကို အရင်စဉ်းစားထားဖို့၊ ပြီးတော့မှ သူများတွေနဲ့ ဆွေးနွေး ဒါမှမဟုတ်ပဲ ဘာမှမရှိပဲ ဗလာနဲ့ သွားဆွေးနွေးရင် သူတို့ဟာသူတို့လာပြီး ဆေးခြယ်သွားမယ်။”
မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဟောင်း ဒေါက်တာညီညီ ဆွေးနွေးခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆရာပြောတာကို လက်ခံကြောင်း နိုင်ငံခြားပုဂ္ဂိုလ်တွေနဲ့လည်း ဒီကိစ္စအတွက် ကြိုးစားညှိနှိုင်း လုပ်ဆောင်နေတဲ့အကြောင်း တချိန်တည်းမှာပဲ သူဟာ အစိုးရမဟုတ်သေးဘူးဆိုတဲ့ အကြောင်းကိုလည်း ပြန်လည်ဆွေးနွေးခဲ့ပါတယ်။