မြန်မာအပေါ်ထားမည့် အမေရိကန်အစိုးရသစ် မူဝါဒ အလားအလာ
Your browser doesn’t support HTML5
၂၀၂၄ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ Donald Trump ဦးဆောင်မယ့် အမေရိကန်အစိုးရသစ်အနေနဲ့ မြန်မာစစ်ကောင်စီလို အာဏာရှင်တွေကို ပြတ်ပြတ်သားသား ဆက်ဆံသွားဖို့ ရှိတယ်လို့ အမေရိကန်-မြန်မာ နိုင်ငံရေးအကဲခတ် ဒေါက်တာထွန်းမြင့်က သုံးသပ်ပါတယ်။