Google ကို EU ဒဏ်ငွေချမှတ်

EU ကော်မရှင်နာမင်းကြီး Margrethe Vestager

Google ကုမ္ပဏီဟာ သူ့ရဲ့ အွန်လိုင်း အရောင်းအဝယ်လုပ်ငန်းအတွက် ရှာဖွေရလာဒ်ကို မျှတမှုမရှိဘဲ အသာရအောင် လုပ်တယ် ဆိုပြီး ဥရောပသမဂ္ဂ EU ရဲ့ လက်ဝါးကြီးအုပ်မှု ထိန်းချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတွေက ဒီကနေ့ ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၂.၇ ဘီလီယံ ချမှတ်လိုက်ပါတယ်။

Google ကုမ္ပဏီဟာ အခုအခါမှာ Google Shopping လို့သိနေကြတဲ့ သူ့ရဲ့လုပ်ငန်း အသာရစေဖို့အတွက် ရှာဖွေရလာဒ်တွေကို ထိပ်မှာပေါ်လာအောင်လုပ်ပြီး ပြိုင်ဘက်ကုမ္ပဏီတွေရဲ့ ရလာဒ်တွေကိုတော့ နောက်မှာချထားဖို့ ၂၀၀၈ ခုနှစ်ကတည်းက စလုပ်ခဲ့ တယ်လို့ EU ကပြောပါတယ်။

ပြိုင်ဘက်လုပ်ငန်းတွေရဲ့ ရှာဖွေရလာဒ်တွေကို စားသုံးသူတွေ မကြည့်သလောက်ဖြစ်တဲ့ ပျှမ်းမျှခြင်းအားဖြင့် ၄ ခုမြောက် စာမျက် နှာလောက်မှာ ဖော်ပြခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

Google ဟာ ထူးခြားဆန်းသစ်တဲ့ ကုန်ပစ္စည်းအများအပြားကို ဖန်တီးခဲ့ပေမဲ့လဲ ဒီကိစ္စမှာတော့ အင်တာနက် အချက်အလက် ရှာဖွေရေးမှာ သူ့ရဲ့ ဈေးကွက် ထိန်းချုပ်နိုင်စွမ်းကို အလွဲသုံးစားလုပ်ခဲ့တယ်လို့ EU ကော်မရှင်နာမင်းကြီး Margrethe Vestager က ပြောပါတယ်။

EU ရဲ့ အခုဆုံးဖြတ်ချက်အပေါ် အယူခံဝင်ဖို့ စဉ်းစားနေတာနဲ့အမျှ လေ့လာဆန်းစစ်နေတယ်လို့ Google ကပြောပါတယ်။

Your browser doesn’t support HTML5

Google ကို EU ဒဏ်ငွေချမှတ်