ဥရောပတလွှား အပူဒဏ် ဆက်လက်ပြင်းထန်

ပြင်သစ်နိုင်ငံရဲ့ နွေရာသီ (ဇွန်၊ ၂၈၊ ၂၀၁၉)

ဥရောပတိုက်တဝှမ်းမှာ ဒီကနေ့စနေနေ့မှာ စံချိန်တင် အပူဒဏ်ကို ဆက်ပြီး ရင်ဆိုင်နေကြရပါတယ်။

ပြင်သစ်နိုင်ငံမှာတော့ အနီရောင်အဆင့် သတိပေးချက်ကို ရုပ်သိမ်းလိုက်ပေမယ့် နိုင်ငံအလယ်ပိုင်း ဒေသအတော်များများမှာ သိပ်ပူပြင်းတဲ့နေ့အဖြစ် သတိပေးထားသလို အချို့ဒေသတွေမှာ အပူချိန် ၄၂ ဒီဂရီ Celsius ထိရောက်နိုင်တယ်လု့ိ ပြင်သစ်မိုးလေဝသဌာနက သတိပေးထားတာပါ။

ပြင်သစ်၊ စပိန် နဲ့ အီတလီနိုင်ငံနဲ့ ဥရောပတိုက်အလယ်ပိုင်းမှာ စံချိန်တင်အပူဒဏ်ကို ခံစားခဲ့ရပြီး သတိနဲ့ သွားလာနေထိုင်ကြဖို့ တာဝန်ရှိသူတွေက တိုက်တွန်းနေတာပါ။

ပြင်သစ်နိုင်ငံတောင်ပိုင်းက Gallargues-le-Montueux ရွာမှာတော့ မနေ့သောကြာနေ့က စံချိန်တင် အမြင့်ဆုံးအပူချိန် ဖြစ်တဲ့ ၄၅.၉ ဒီဂရီ Celsius ထိရောက်ခဲ့တာပါ။

၂၀၀၃ ခုနှစ်က အပူဆုံးစံချိန်တင်ဖြစ်တဲ့ ၄၄.၁ ဒီကရီ Celsius ကလည်း ဒီဒေသမှာပဲရောက်ခဲ့တာပါ။ သောကြာနေ့အစောပိုင်းမှာတော့ ပြင်သစ်တောင်ပိုင်းက Carpentras မြို့မှာ အပူချိန် ၄၄ ဒီကရီ Celsius ထိရောက်ခဲ့ပါတယ်။

ခုလို ပြင်းထန်တဲ့အပူချိန်ကြောင့် အီတလီ ပြင်သစ် ဂျာမဏီနဲ့ စပိန်နိုင်ငံက သက်ကြီးရွယ်အိုတွေ သေဆုံးမှုတွေလည်း ရှိနေပါတယ်။

Your browser doesn’t support HTML5

ဥရောပတလွှား အပူဒဏ် ဆက်လက်ပြင်းထန်