မြန်မာနိုင်ငံအတွင်းက နေရာဒေသ အတော်များများမှာ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတဲ့အထိ ဆိုးရွားစွာ ကြုံတွေ့ခဲ့ရတဲ့ ရေဘေးဒုက္ခကို သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းအသီးသီးက ကိုင်တွယ် ဖြေရှင်းခဲ့ပုံနဲ့ ပတ်သက်လို့ သောတရှင်တွေ ဘယ်လို သဘောရကြပါသလဲ။ မြန်မာနိုင်ငံမှာ မကြာခန ကြုံတွေ့ရလေ့ရှိတဲ့ သဘာ၀ ဘေးအန္တရာယ်တွေကို ထိရောက်စွာ အချိန်မှီ ကိုင်တွယ် ဖြေရှင်းနိုင်အောင် ဘယ်လို ကြိုတင် ပြင်ဆင်မှုတွေ လုပ်ဆောင်ထားသင့်ပါသလဲဆိုတဲ့ သောတရှင်တွေရဲ့ အမြင်တွေကို ဆွေးနွေးထားပါတယ်။