ဒုက္ခသည်များဆိုင်ရာ ဗွီအိုအေ ထုတ်လွှင့်ချက် ထူးချွန်ဆု ရရှိ

ဗွီအိုအေ အမေရိကန်အသံက ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ “Displaced” နေရပ်စွန့်ခွာသူများ မှတ်တမ်း ရုပ်ရှင်ဟာ ကမ္ဘာ့ဒုက္ခသည်များနေ့ဖြစ်တဲ့ ဇွန်လ ၂၀ ရက်နေ့မှာ Gabriel Award လို့ ခေါ်တဲ့ မှတ်တမ်း ရုပ်ရှင်ဆိုင်ရာ ထူးချွန်ဆုကို ဆွတ်ခူးခဲ့ပါတယ်။

ဗွီအိုအေရဲ့ ဒီမှတ်တမ်းရုပ်ရှင်ဟာ လူ့ ဂုဏ်သိက္ခာ ဆိုင်ရာ အင်္ဂလိပ်စကားပြော ရုပ်သံ အမျိုးအစားမှာ ပထမဆု ရရှိခဲ့တာဖြစ်ပြီး မိနစ် ၆၀ အတွင်း ရိုက်ကူးတဲ့ အထူး မှတ်တမ်းရုပ်ရှင်အဖြစ်လည်း ချီးကျူး ဂုဏ်ပြုခြင်း ခံရပါတယ်။ ဒီဇာတ်လမ်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းက Kutupalong ဒုက္ခသည် စခန်းမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ မွတ်ဆလင် ဒုက္ခသည်တွေရဲ့ တွေ့ကြုံခံစားချက်တွေကို မှတ်တမ်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဗွီအိုအေ သတင်းထောက် Greta Van Susteren နဲ့ ကင်မရာအဖွဲ့တို့ မနှစ်က အဲဒီ ဒုက္ခသည်စခန်းကို သွားရောက်ပြီး ဒုက္ခသည်ကျာ်ရဲ ၇၀၀,၀၀၀ ကျော်ရဲ့ နေထိုင် စားသောက်မှု အတွေ့အကြုံ အသေးစိတ်ကို မှတ်တမ်းတင် ရိုက်ကူးခဲ့ပါတယ်။

အခုလို Gabriel ဆု ဆွတ်ခူးရရှိခဲ့တာနဲ့ ပတ်သက်ပြီး “ဒုက္ခသည်တွေနဲ့ ပတ်သက်တဲ့ အကြောင်း အရာဟာ ကျမတို့အနေနဲ့ လွန်စွာ အလေးအနက်ထားတဲ့ အကြောင်းအရာတရပ်ဖြစ်တယ်။ ဒီလို အစီအစဉ်တွေကတဆင့် အကာအကွယ်ကင်းမဲ့နေပြီး သူတို့ခံစားချက်တွေကို ထုတ်ဖော်ခွင့် မရကြသူတွေအတွက် ပြောရေးဆိုခွင့်ရလာအောင် ဗွီအိုအေက ကြိုးစားနေပါတယ်။” လို့ VOA ညွှန်ကြားရေးမှူး Amanda Bennett က ပြောပါတယ်။

၁၉၆၅ ခုနှစ်က ဖန်တီးခဲ့တဲ့ ဒီ Gabriel ဆုဟာ အမေရိကန်ပြည်ထောင်စုနဲ့ ကနေဒါ နိုင်ငံတွေ အတွင်း မှာ ထုတ်လုပ်တဲ့ ရုပ်ရှင်၊ ရုပ်သံနဲ့ အသံလွှင့် မီဒီယာတွေထဲက အကောင်းဆုံး ထုတ်လွှင့်ချက်တွေကို ရွေးချယ်ဂုဏ်ပြုတဲ့ဆု ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဒုက္ခသည်များဆိုင်ရာ ဗွီအိုအေ ထုတ်လွှင့်ချက် ထူးချွန်ဆု ရရှိ



Your browser doesn’t support HTML5

နေရာမဲ့သူများ အပိုင်း (၁) - စခန်းအခြေအနေ


Your browser doesn’t support HTML5

နေရာမဲ့သူများ အပိုင်း (၂) - မိုးရာသီဂယက်


Your browser doesn’t support HTML5

နေရာမဲ့သူများ အပိုင်း (၃) - လူကုန်ကူးမှု အန္တရာယ်

Your browser doesn’t support HTML5

နေရာမဲ့သူများ အပိုင်း (၄) - ပညာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု