ဟောင်ကောင်ဆန္ဒပြသူတွေကို အင်အားသုံးနှိမ်နင်းမှုအပေါ် ဒေါသတိုး

အဖြူရောင်ဝတ် တိုက်ခိုက်သူများ

ဟောင်ကောင်ကျွန်းမှာ ဒီမိုကရေစီရေး တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေမှာ လူဆိုးဂိုဏ်းဝင်တွေလို့ ယူဆရသူတွေရဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပြီး ဒီလို တိုက်ခိုက်ခံရမှု အပေါ် စိတ်ဆိုး ဒေါသထွက် နေကြပါတယ်။

လူမှုကွန်ယက်တွေမှာ တွေ့ရတဲ့ လက်ကိုင်ဖုန်းနဲ့ ရိုက်ယူထားတဲ့ ဗွီဒီယိုထဲမှာတော့ တရုတ် လူဆိုးဂိုဏ်း Traid ကလို့ စွပ်စွဲပြောဆိုနေကြတဲ့ အဖြူရောင်ဝတ် တိုက်ခိုက်သူတွေက ဟောင်ကောင်ရဲ့ ရထား ဘူတာရုံတခုမှာ ခရီးသည်တွေကို ပိုက်လုံးတွေ၊ တုတ်တွေနဲ့ ရိုက်နှက် တိုက်ခိုက်ခဲ့ကြပါတယ်။

သက်ဆိုင်သူ အားလုံး တည်တည်ငြိမ်ငြိမ် ရှိကြဖို့ အမေရိကန် အစိုးရက တိုက်တွန်းထားပြီး အရပ်သားတွေကို ရာဇဝတ်ဂိုဏ်းသားတွေက အုပ်စုဖွဲ့ အကြမ်းဖက် တိုက်ခိုက်တာဟာ အထူးဘဲ စိုးရိမ်စရာ ဖြစ်တယ်လို့လည်း ပြောဆိုထားပါတယ်။

ဟောင်ကောင် အစိုးရဘက်က လိုအပ်သလို ကိုင်တွယ်ဆောင်ရွက်ပြီး ရာဇဝတ်မှု ကျူးလွန်သူတွေကို အပြစ်ပေးရေးကို တရုတ် အစိုးရက အခိုင်အမာ ထောက်ခံကြောင်း တရုတ် အစိုးရ တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။ ဟောင်ကောင်ရဲ့ ပြည်တွင်းရေးကို ပြည်ပက ဝင်ရောက်စွက်ဖက်မှုတွေ၊ အကြောင်းမဲ့ စွပ်စွဲမှုတွေကို အပြင်းအထန် ဆန့်ကျင်ကြောင်းလည်း တရုတ် အစိုးရက ပြောဆိုထားပါတယ်။ အကြမ်းဖက်မှု အတွင်း လူပေါင်း ၅၄ ယောက် ဒဏ်ရာရထားပြီး တဦးကတော့ စိုးရိမ်ရတဲ့ အခြေအနေ ရှိတယ်လို့ ဆေးရုံ တာဝန်ခံတွေက ပြောပါတယ်။ တနလာၤနေ့က အကြမ်းဖက်မှုကို ဟောင်ကောင် ရဲတပ်ဖွဲ့ဘက်က တုံ့ပြန်မှု နှေးကွေးခဲ့တယ်လို့လည်း တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေး သမားတွေက စွပ်စွဲထားပါတယ်။

Your browser doesn’t support HTML5

ဟောင်ကောင်ဆန္ဒပြသူတွေကို အင်အားသုံးနှိမ်နင်းမှုအပေါ် ဒေါသတိုး