မလေးရှား လွတ်လပ်စွာပြောဆိုခွင့် HRW စိုးရိမ်

မလေးရှား ဝန်ကြီးချုပ် Najib Razak

မလေးရှားနိုင်ငံမှာ သာမန်အရပ်သားတွေရဲ့ လူမှု မီဒီယာသုံးစွဲမှု အပါအဝင် လူထုကြား အခြေအတင် ပြောဆိုဆွေးနွေးမှုတွေအတွက် စိုးရိမ်စရာအခြေနေတွေ တိုးလာနေချိန်မှာပဲ မလေးရှားအစိုးရက လွတ်လပ်စွာပြောဆိုခွင့်အတွက် တင်းကြပ်မှုတွေ တိုးလုပ်လာနေတယ်လို့ New York အခြေစိုက် Human Rights Watch အဖွဲ့ကြီးက သတိပေးလိုက်ပါတယ်။

မလေးရှား ဖွံ့ဖြိုးမှု ဘဏ် 1MDB နဲ့ ဆက်စပ်နေတဲ့ အဂတိလိုက်စားမှု စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ မလေးရှား ဝန်ကြီးချုပ် Najib Razak အပေါ် ဖိအားပေးမှုတွေ တိုးလာနေချိန်မှာ Human Rights Watch အဖွဲ့က ကြာသပတေးနေ့မှာ အစီရင်ခံစာတစောင် ထုတ်ပြန်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

မလေးရှား အစိုးရဟာ မစ္စတာ Najib နှုတ်ထွက်ဖို့ တောင်းဆိုတဲ့ ကန့်ကွက်ဆန္ဒပြမှုတွေ၊ သူ့အပေါ် စွပ်စွဲမှုတွေနဲ့ ပတ်သက်တဲ့ အချေတင် ငြင်းခုံပြောကြားမှုတွေကို ကန့်သတ်ဖို့ ကြိုးစားနေတယ်လို့ စာမျက်နှာ ၄၀ ပါ အစီရင်ခံစာ မှာ ဖေါ်ပြထားပါတယ်။

Human Rights Watch အဖွဲ့ရဲ့ အာရှဒေသဆိုင်ရာ ဒုတိယအကြီးအကဲ Phil Robertson ကတော့ မလေးရှားနိုင်ငံမှာ နိုင်ငံရေး အခြေနေဟာ စိုးရိမ်ဖွယ် အနေထားကို ရောက်နေချိန်မှာပဲ မလေးရှား အစိုးရဟာ သူ့အပေါ်ဝေဖန်မှုတွေ ဆိတ်သုဉ်း သွားအောင် လုပ်မယ့် ဥပဒေတွေ ထုတ်ပြန်ဖို့ မူကြမ်းရေးဆွဲနေတယ်လို့ ပြောပါတယ်။

Your browser doesn’t support HTML5

မလေးရှား လွတ်လပ်စွာပြောဆိုခွင့် HRW စိုးရိမ်