တရုတ်သမ္မတနဲ့ အိန္ဒိယဝန်ကြီးချုပ် တွေ့ဆုံဆွေးနွေး

အိန္ဒိယဝန်ကြီးချုပ် Narendra Modi နဲ့ တရုတ်သမ္မတ Xi Jinping စကားလက်ဆုံ (April 28, 2018)

အိန္ဒိယဝန်ကြီးချုပ် Narendra Modi နဲ့ တရုတ် သမ္မတ Xi Jinping တို့ဟာ အငြင်းပွါးနေတဲ့ နယ်စပ်အရေးနဲ့ ပတ်သတ်ပြီး တည်တည်ငြိမ်ငြိမ် အခြေအနေကို ဆက်လက်ထိန်းသိမ်းသွားကြဖို့ သဘောတူညီခဲ့ကြပါတယ်။

ခေါင်းဆောင် ၂ ဦးဟာ တရုတ်နိုင်ငံအလယ်ပိုင်း Wuhan မြို့မှာ ၂ ရက်ကြာ အလွတ်သဘော ဆွေးနွေးခဲ့ကြတာပါ။ ဒါ့အပြင် မြင့်မားတဲ့ ဟိမဝန္တာတောင်တန်း နယ်စပ်မျဉ်းတလျှောက်က ၂ နိုင်ငံ တပ်ဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းရေး ဆက်ထိန်းသိမ်းသွားနိုင်ရေးလည်း သဘောတူညီခဲ့ကြတယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့မှာ ပြောလိုက်ပါတယ်။

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး Vijay Gokhale က ဝန်ကြီးချုပ် မိုဒီနဲ့ သမ္မတ ရှီတို့ဟာ ၂ နိုင်ငံအရေး နားလည်မှုရှိရှိနဲ့ မတူကွဲပြားမှုတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြောဆိုဆွေးနွေးကြဖို့လည်း သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း သဘောတူညီချက်တွေနဲ့ ပတ်သက်လို့ လက်မှတ်ရေးထိုးခဲ့ကြတာတော့ မရှိပါဘူး။

Your browser doesn’t support HTML5

တရုတ်သမ္မတနဲ့ အိန္ဒိယဝန်ကြီးချုပ် တွေ့ဆုံဆွေးနွေး