လက်ဘနွန်တောင်ပိုင်း ဟစ်ဇ်ဘိုလာ ပစ်မှတ်တွေကို အစ္စရေးတိုက်ခိုက်

လက်ဘနွန်တောင်ပိုင်း နယ်ခြားရွာတခုကို လက်နက်ကြီးထိမှန်ခဲ့စဉ် (ဇူလိုင် ၂၉၊ ၂၀၂၄)

လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာစစ်သွေးကြွကို ပစ်မှတ်ထား တိုက်ခိုက်တဲ့အနေနဲ့ လက်ဘနွန်တောင်ပိုင်းရှိ နေရာ ၇ ခုကို အစ္စရေးဘက်က လေကြောင်းကရော၊ တာဝေးပစ် အမြှောက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ဒီနေ့ ပြောပါတယ်။ အစ္စရေးထိန်းချုပ်ရာ ဂိုလန်ကုန်းမြင့်က ကလေးငယ် ၁၂ ဦး သေဆုံးခဲ့ရတဲ့ တိုက်ခိုက်ခံရမှုအပြီး ရက်ပိုင်းအကြာမှာပဲ အခုလို နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှု ထပ်ဖြစ်လာတာပါ။

အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတွေ အကြား ထိပ်တိုက်တွေ့မှုဟာ ဂါဇာကမ်းမြောင်ဒေသရှိ အစ္စရေး-ဟားမတ်စ်စစ်ပွဲနဲ့အတူ ပိုမိုကျယ်ပြန့်လာမှာကို နိုင်ငံတကာက စိုးရိမ်မှုတွေရှိနေပါတယ်။ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကတော့ လူအသေအပျောက်များခဲ့တဲ့ ဒုံးကျည်တိုက်ခိုက် မှုတွေကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မယ်လို့ ပြောဆိုခဲ့ပြီး ဒီတိုက်ခိုက်မှုအတွက် ဟစ်ဇ်ဘိုလာစစ်သွေးကြွတွေမှာ တာဝန်ရှိကြောင်း ထပ်ပြီး စွပ်စွဲလိုက်ပါတယ်။

နှစ်ဘက်တင်းမာမှု အခြေအနေတွေကို လျှော့ချဖို့ လတ်တလော ကုလသမလဂ္ဂအပါအဝင် တခြားနိုင်ငံတွေက ကြားဝင်စေ့စပ်နိုင်ရေးကြိုးစားနေတာပါ။ အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြောခွင့်ရ John Kirby ကတော့ စစ်ပွဲတွေပိုမကျယ်ပြန့်လာအောင် တားဆီးနိုင်မယ်လို့ ယုံကြည်ကြောင်းပြောဆိုခဲ့ပါတယ်။

Your browser doesn’t support HTML5

လက်ဘနွန်တောင်ပိုင်း ဟစ်ဇ်ဘိုလာ ပစ်မှတ်တွေကို အစ္စရေးတိုက်ခိုက်