သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ဘနွန်နယ်စပ်မှာ အစ္စရေးနဲ့ ဟဇ်ဘိုလာ တိုက်ပွဲပြင်းထန်


ဟဇ်ဘိုလာအဖွဲ့က ရော့ကတ်ဒုံး ၂၀၀ ကျော်နဲ့ အစ္စရေး စစ်အခြေစိုက် စခန်းတွေကို တိုက်ခိုက်ကြောင်း ပြောဆိုအပြီး တွေ့ရတဲ့ အစ္စရေးဘက်ခြမ်းကို ကျရောက်လာတဲ့ဒုံးကျည်များ (ဇူလိုင် ၄၊ ၂၀၂၄)
ဟဇ်ဘိုလာအဖွဲ့က ရော့ကတ်ဒုံး ၂၀၀ ကျော်နဲ့ အစ္စရေး စစ်အခြေစိုက် စခန်းတွေကို တိုက်ခိုက်ကြောင်း ပြောဆိုအပြီး တွေ့ရတဲ့ အစ္စရေးဘက်ခြမ်းကို ကျရောက်လာတဲ့ဒုံးကျည်များ (ဇူလိုင် ၄၊ ၂၀၂၄)

အစ္စရေးတပ်ဖွဲ့တွေနဲ့ လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာ စစ်သွေးကြွအဖွဲ့တွေဟာ ၂ နိုင်ငံ နယ်စပ်တလျှောက် တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။ ဟဇ်ဘိုလာအဖွဲ့ဘက်ကတော့ ရော့ကတ်ဒုံး ၂၀၀ ကျော်နဲ့ အစ္စရေး စစ်အခြေစိုက် စခန်းတွေကို တိုက်ခိုက်ခဲ့သလို၊ ဖောက်ခွဲရေးပစ္စည်းတွေတပ်ဆင်ထားတဲ့ ဒရုန်းတွေကိုလည်း အသုံးပြုခဲ့တယ်လို့ ပြောပါတယ်။

အစ္စရေးရဲ့ လက်ချက်ကြောင့် သူတို့ရဲ့ တပ်မှူးတဦး မနေ့က သေဆုံးသွားခဲ့တာကို လက်တုံ့ပြန်တဲ့အနေနဲ့ အခုလို တိုက်ခိုက်တာဖြစ်တယ်လို့ ဟဇ်ဘိုလာအဖွဲ့ကပြောပါတယ်။ ဟဇ်ဘိုလာဘက်က တိုက်ခိုက်မှုကြောင့် အစ္စရေးမြောက်ပိုင်းမှာ လေကြောင်းရန်ကာကွယ်ရေး သတိပေးချက်တွေထုတ်ပြန်ခဲ့ရပါတယ်။ ဟဇ်ဘိုလာဘက်က ပစ်လိုက်တဲ့ ဒုံးကျည်တွေအမြောက်အမြားကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ပြီး၊ လက်ဘနွန်နိုင်ငံထဲက အဲဒီဒုံးကျည်ပစ်လွှတ်တဲ့နေရာတွေကို လေကြောင်းကနေ နောက်ထပ်တိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်ဘက်က ပြောပါတယ်။ ဂါဇာမှာဖမ်းဆီးထားတဲ့ ဓါးစာခံတွေပြန်လွှတ်ပေးရေးအပါအဝင် အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး နောက်ဆုံးကမ်းလှမ်းချက်အပေါ် ဟားမတ်စ်ဘက်က တုံ့ပြန်မှုကို အစ္စရေးတာဝန်ရှိသူတွေဘက်က စဉ်းစားနေချိန်မှာပဲ အခုလို တိုက်ခိုက်မှုတွေဖြစ်ခဲ့တာပါ။

ကာတာနိုင်ငံကိုယ်စားလှယ်တွေကနေတဆင့် ဟာမတ်အဖွဲ့က အဆိုပြုတင်ပြတဲ့ အချက်တွေကို အစ္စရေးဖက်က ဆန်းစစ်နေပြီး ဓားစာခံတွေကို ပြန်လွှတ်ပြီး အပစ်အခတ်ရပ်စဲဖို့ အပါအဝင် ဟာမတ်စ်ဖက်က တုန့်ပြန်တဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ဆန်းစစ်နေကြောင်း အစ္စရေးဖက်က အတည်ပြုပြောဆိုထားပါတယ်။ ဓားစာခံတွေ ပြန်လွှတ်ပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရနိုင်ဖို့ ကာတာ၊ အီဂျစ်နဲ့ အမေရိကန်တို့က လနဲ့ချီ ကြားဝင်ညှိနှိုင်းပေးနေတာပါ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG