သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံ ဂါဇာဆေးရုံ အကြီးအကဲ အစ္စရေးပြန်လွှတ်


အစ္စရေးက ပြန်လွှတ်ပေးလိုက်တဲ့ ဂါဇာကမ်းမြောင်ရှိ Al Shifa ဆေးရုံ ညွှန်ကြားရေးမှူး ဆရာဝန် ဒေါက်တာ Mohammad Abu Selmeyah (ဇူလိုင် ၁၊ ၂၀၂၄)
အစ္စရေးက ပြန်လွှတ်ပေးလိုက်တဲ့ ဂါဇာကမ်းမြောင်ရှိ Al Shifa ဆေးရုံ ညွှန်ကြားရေးမှူး ဆရာဝန် ဒေါက်တာ Mohammad Abu Selmeyah (ဇူလိုင် ၁၊ ၂၀၂၄)

ဂါဇာက အကြီးဆုံးဆေးရုံ Shifa ရဲ့ အကြီးအကဲဖြစ်သူကို အစ္စရေးက ဒီကနေ့ ပြန်လွှတ်ပေးလိုက်ပါတယ်။ ဆေးကုသမှုခံယူဖို့ ဂါဇာကို ပြန်သွားခွင့်ပြုလိုက်တဲ့ တခြား ပါလက်စတိုင်းတွေနဲ့အတူ သူ့ကိုပါ လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ ဟာမတ်စ်စစ်သွေးကြွတွေက ဌာနချုပ်အဖြစ် အသုံးပြုနေတယ်လို့ အစ္စရေးတို့က စွပ်စွဲပြောဆိုပြီး အဲဒီ Shifa ဆေးရုံကို ဝင်ရောက် စီးနှင်းခဲ့တဲ့ နိုဝင်ဘာလကတည်းက Mohammad Abu Selmeyah ကို အစ္စရေးက ဖမ်းဆီးထားခဲ့တာပါ။

အစ္စရေးရဲ့ အဲဒီလို စွပ်စွဲ ပြောဆိုချက်ကို ဆေးရုံ အရာရှိတွေက ငြင်းဆိုထားပြီး အစ္စရေးရဲ့ လုပ်ရပ်က စစ်ပွဲကြောင့် ဆေးရုံမှာ လာရောက် ခိုလှုံနေသူတွေနဲ့ လူနာတွေအတွက် အန္တရာယ်ဖြစ်စေတယ်လို့ ပြောပါတယ်။ Abu Selmeyah ကို အခုလို လွှတ်ပေးလိုက်တာဟာ လုံခြုံရေးအရ အန္တရာယ်ဖြစ်စေတဲ့အကြောင်း အစ္စရေးအမျိုးသားလုံခြုံရေးဆိုင်ရာဝန်ကြီးလည်းဖြစ်၊ လက်ယာစွန်းပါတီခေါင်းဆောင်တဦးလည်းဖြစ်တဲ့ Ben Gvir က X လူမှုကွန်ယက်မှာ ရေးပါတယ်။

ဒီအတောအတွင်း ဂါဇာကမ်းမြောင်၊ Khan Yunis မြို့ဘက်ကနေ စစ်သွေးကြွတွေက ဒုံးကျည် ၂၀ နဲ့ ပစ်ခတ်ခဲ့တာကို လက်တုန့်ပြန် တိုက်ခိုက်ခဲ့ကြောင်း အစ္စရေး စစ်တပ်က ပြောပါတယ်။

ဖမ်းဆီးခံ ဂါဇာဆေးရုံ အကြီးအကဲ အစ္စရေးပြန်လွှတ်
please wait

No media source currently available

0:00 0:00:59 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG