သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အောင်ပွဲကို ဘာနဲ့မှအစားမထိုးနိုင်လို့ အစ္စရေးဝန်ကြီးချုပ် ကြုံးဝါး


အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု

အောင်ပွဲရရေးကို ဘာနဲ့မှ အစားမထိုး လို့ အစ္စရေးဝန်ကြီးချုပ် ဘင်န်ဂျမင် နေတန်ယာဟုက တနင်္ဂနွေနေ့က ထပ်မံပြောလိုက်ပါတယ်။

ဟာမတ်စ်စစ်သွေးကြွတွေ ရှုံးတဲ့အထိ ဟာမတ်စ်ဖမ်းထားတဲ့ ဓားစာခံတွေအရှင်ဖြစ်စေ၊ အသေဖြစ်စေ ပြန်လာတဲ့အထိ ဂါဇာရှိ ဟာမတ်စစ်တွေကို ဆက်လက် စစ်ဆင်နွှဲမှာဖြစ်တယ်လို့ နေတန်ယာဟုက သူ့အစိုးရအဖွဲ့ကို ပြောခဲ့တာပါ။ ဟာမတ်စ်ကအစ္စရေးကို ခြိမ်းခြောက်နိုင်စွမ်းမရှိရေးအပါအဝင် ရည်မှန်းချက်ပန်းတိုင် အားလုံးရောက်တဲ့တိုင်အောင် ၁၀ လနီးနီး ကြာခဲ့ပြီဖြစ်တဲ့ စစ်ကိုဆက်တိုက်မယ်လို့ နေတန်ယာဟု က ဆိုပါတယ်။

အစ္စရေးနဲ့ ဟာမတ်စ်တို့ အပစ်ရပ်ရေးဆွေးနွေးပွဲက ရှေ့မတိုး နောက်မဆုတ်ဖြစ်နေဆဲပါ။ အစ္စရေးက ၆ ပတ်အပစ်ရပ်ပြီး အစ္စရေးဖမ်းဆီးထားတဲ့ ပါလက်စတိုင်းအကျဥ်းသားတွေနဲ့ ဟာမတ်စ်ဖမ်းထားတဲ့ ဓားစာခံတွေကို လဲလှယ်လိုပါတယ်။ ဟာမတ်စ်ကတော့ အမြဲတမ်းအပစ်ရပ်လိုပြီး အစ္စရေးတပ်တွေဆုတ်ခွါဖို့ တောင်းဆိုပါတယ်။

“ကျူးကျော်မှု အဆုံးသတ်ရေးဆွေးနွေးပွဲ တကယ့်တိုးတက်မှု မရှိဘဲ အမေရိကန် ပြောနေတာက အစ္စရေးအဆိုပြုချက်ကို ပြုပြင်ပြောင်းလဲရေးမရှိ လက်ခံဖို့ ဟာမတ် လှုပ်ရှားမှုကို ဖိအားပေးနေတာပဲ ဖြစ်ပါတယ်” လို့ ဟာမတ်စ် အကြီးတန်း အရာရှိ Osama Hamdan က စနေနေ့ကလုပ်တဲ့ ဘေရွတ် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG