Julian Assange အမေရိကန်လွှဲပြောင်းရေး အမှု ရက်ချိန်း ရွှေ့ဆိုင်းဖို့ ဗြိတိန်တရားသူကြီး လက်မခံ

Julian Assange

(Zawgyi/Unicode)

WikiLeaks ဝက်ဘ်ဆိုက်တည်ထောင်သူ Julian Assange ကို အမေရိကန်နိုင်ငံကို လွှဲပြောင်းပေးရေး တရားရုံးမှာ ကြားနာ စစ်ဆေး နေတာကိုနောက်နှစ်အထိ အချိန်ရွှေ့ဆိုင်းပေးဖို့ Assange ရဲ့ ရှေ့နေတွေရဲ့ လျှောက်ထားချက်ကို ဗြိတိန် တရားသူကြီးက တနင်္လာ နေ့က ပယ်ချလိုက်ပါတယ်။

အမေရိကန်အစိုးရရဲ့ လျှို့ဝှက်သတင်းတွေကို ဖောက်ထွင်း ခိုးယူတဲ့ hackers တွေနဲ့ ပူးပေါင်းပြီး WikiLeaks ဝက်ဘ်ဆိုက်ပေါ်မှာ ဖော်ပြခဲ့တဲ့ အတွက် Assange ကို သူလျှိုလုပ်မှုနဲ့ အမေရိကန်က စွဲချက်တင်ထားတာပါ။ ဒီလို စွဲချက်တွေကို တုန့်ပြန်ဖို့ သူ့ရဲ့ရှေ့နေတွေအတွက် အချိန်ပိုလိုတယ်ဆိုတဲ့ အကြောင်း ပြချက် နဲ့ တရားခံလွှဲပြောင်းပေးရေး ကြားနာ စစ်ဆေးဖို့ကို အချိန်ဆိုင်းထားဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

Assange ကို အမေရိကန်နိုင်ငံကို လွှဲပြောင်းပေးဖို့ကိစ္စ လန်ဒန်မြို့တရားရုံးက စစ်ဆေးတဲ့ ပထမနေ့မှာပဲ ကြားနာမှုတွေကို အချိန် ရွှေ့ဆိုင်း ပေး ဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

အသက် ၄၉ နှစ်ရှိပြီဖြစ်တဲ့ သြစတေးလျနိုင်ငံသား Assange ကို သူလျှိုလုပ်တဲ့အမှုပေါင်း ၁၈ ခုအပြင် လွန်ခဲ့တဲ့ ဆယ်နှစ် လောက် က အမေရိကန် စစ်တပ်က ထောက်လှမ်းရေး သတင်းတွေကို WikiLeaks ဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့တဲ့အတွက် ကွန်ပြူတာ အချက်အလက် ဆိုင်ရာ အလွဲသုံးစားလုပ်မှုတွေနဲ့ အမေရိကန်က တရားစွဲဆိုထားပါတယ်။ ပြစ်မှုထင်ရှားရင် သူဟာ ထောင်ဒဏ် ၁၇၅ နှစ်ထိကျခံရ နိုင်တာပါ။

Assange ရဲ့ ရှေ့နေတွေက သူ့ကို တင်ထားတဲ့ စွပ်စွဲချက်တွေမှာ နိုင်ငံရေး ရည်ရွယ်ချက်ပါပြီး အာဏာ အလွဲသုံးစား လုပ်တာလို့ လည်း ပြောပါတယ်။လန်ဒန်မြို့က တရားရုံးတစ်ခုမှာ Assange ရဲ့ အမှုကို ကြားနာစစ်ဆေးနေတာကို ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် လနဲ့ချီရပ်နား ထား ခဲ့ပါတယ်။

Your browser doesn’t support HTML5

Julian Assange အမေရိကန်လွှဲပြောင်းရေး အမှု ရက်ချိန်း ရွှေ့ဆိုင်းဖို့ ဗြိတိန်တရားသူကြီး လက်မခံ


..............


(Unicode)




