သမ္မတ Biden ရဲ့ ထောက်ခံမှုကို ဂုဏ်ယူဝမ်းမြောက်စွာလက်ခံတဲ့အကြောင်းနဲ့ ပါတီကိုယ်စားပြု သမ္မတလောင်း အဖြစ် အဆိုပြုတာကိုလက်ခံမှာဖြစ်ကြောင်း ဒုသမ္မတ Kamala Harris က X လူမှုကွန်ယက်မှာ ရေးသားပါတယ်။
သမ္မတ Biden ရွေးကောက်ပွဲဝင်မှာမဟုတ်တဲ့အကြောင်းနဲ့ သူ့နေရာမှာ ဒုသမ္မတ Kamala Harris ကို အစားထိုးဖို့ ထောက်ခံကြောင်း ကြေညာချက်ထွက်လာပြီးတဲ့နောက် Kamala Harris က တုံ့ပြန်ကြေညာတာပါ။
အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတအဖြစ်အပါအဝင် သမ္မတ Joe Biden ရဲ့ ဆယ်စုနှစ်ချီ တိုင်းပြည်အတွက် ရွပ်ရွပ်ချွံချွံ ထမ်းရွက်မှုတွေအတွက် အမေရိကန်ပြည်သူတွေကိုယ်စားကျေးဇူးတင်တဲ့အကြောင်း ဒုသမ္မတ Kamala Harris က ရေးသားထားပါတယ်။