လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး ပြည်တွင်းပညာရှင်တွေ ပါဝင်တဲ့ မြန်မာ့ပတ်ဝန်းကျင်သိပ္ပံ (MEI)က လက်ပံတောင်းတောင်း စီမံကိန်းဒေသမှာ လေ့လာစုံစမ်းမှုတွေ စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြောင့် ဖြစ်လာနိုင်တဲ့ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဘဝအကျိုး သက်ရောက်မှုတွေကို ကျွမ်းကျင်သူ ပညာရှင်တွေအနေနဲ့ သေချာ စုံစမ်း စစ်ဆေးပေးဖို့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်က အကူအညီတောင်းခံခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်း အသေးစိတ်ကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က ပြောပြပေးပါမယ်။
အခုဆိုရင် စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသကို မြန်မာ့ပတ်ဝန်းကျင် သိပ္ပံ (MEI) က ပြည်တွင်းပညာရှင်တွေ ရောက်ရှိနေပြီဖြစ်ပါတယ်။ လက်ပံတောင်းတောင်စီမံကိန်းနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ စတင်ပြီး လုပ်ဆောင်နေကြတာပါ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ထုတ်လုပ်တဲ့ လုပ်ငန်းကြောင့် လက်ပံတောင်းတောင်ဒေသအတွင်း ဖြစ်လာနိုင်တဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေကို အကဲဖြတ်နိုင်ဖို့နဲ့ ဒေသခံပြည်သူတွေရဲ့ လူမှုဘဝ အကျိုးသက်ရောက်လာနိုင်မှုတွေကို စုံစမ်းနိုင်ဖို့အတွက် ဘာသာရပ်အလိုက် ကျွမ်းကျင်တဲ့ ပညာရှင် ၁၂ ဦးအဖွဲ့ကို တာဝန်ပေးအပ်လိုက်တာဖြစ်ပါတယ်။
စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ဒီပညာရှင်အဖွဲ့ကို မေတ္တာရပ်ခံ အကူအညီတောင်းခံခဲ့တာဖြစ်တယ်လို့ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် ဒေါ်ခင်စန်းလှိုင်က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။
“ဟုတ်ပါတယ်ရှင့်။ စီမံကိန်းဒေသတွေအားလုံးပါ။ ကြေးနီစီမံကိန်းတူးဖော်နေတဲ့ နေရာတွေလည်း သူတို့ဝင်ရောက်ကြတယ်။ ဝင်ရောက်ပြီးတော့ သူတို့လေ့လာတယ် ဒေသခံပြည်သူတွေနဲ့လည်း သူတို့တွေ့ဆုံတယ်။ နောက်ပြီးတော့ ဒေသတွင်းမှာရှိတဲ့ ရေနမူနာ၊ မြေနမူနာပေါ့နော်။ ဒါတွေလည်း သူတို့လေ့လာနေတယ်ဆိုတော့ ပညာရှင်တွေအားလုံး ၁၂ဦးသည် ဆောင်ရွက်ရန်ကိစ္စရှိတဲ့ အဲ့ဒီ့ထဲမှာ ဖော်ပြထားတဲ့ ၁၁ချက်ကို အားလုံးကဆောင်ရွက်ကြမှာဖြစ်ပါတယ်။”
အခုလက်ပံတောင်းတောင်ဒေသထဲမှာ စုံစမ်းလေ့လာမှုတွေ စတင်လုပ်ကိုင်နေပြီဖြစ်တဲ့ ပညာရှင်အဖွဲ့ရဲ့ လေ့လာတွေ့ရှိချက်တွေကို စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ၂ ပတ်အတွင်း ပြန်အစီရင်ခံကြမှာဖြစ်တယ်လို့ မြန်မာ့ပတ်ဝန်းကျင်သိပ္ပံ (MEI) အဖွဲ့မှာ ပါဝင်သူ ဒေါက်တာစိုးသူရထွန်းကလည်း ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။
သူပြောသွားတာကတော့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာမှုတွေလုပ်ဖို့ သူတို့အဖွဲ့ရောက်နေကြတာပါ။ လေ့လာတွေ့ရှိချက်တွေကို သူတို့ပြန်ပြီးတော့ တင်ပြမှာပါ။ ဘာတွေလေ့လာတွေ့ရှိတယ်ဆိုတာတော့ အစီရင်ခံစာမှာ အဆင့်ဆင့်ပါသွားမှာဖြစ်ပါတယ်။
ဒါပေမယ့် သူတို့ရဲ့ တာဝန်က စုံစမ်းစစ်ဆေးလေ့လာနေတဲ့ အချိန်မှာတော့ ပြောခွင့်မရှိပါဘူး။ လေ့လာတွေ့ရှိချက်တွေကို အစီရင်ခံစာ ထုတ်ပြန်ဖို့ကတော့ ကော်မရှင်အနေနဲ့ ဆက်ပြီးတော့ လုပ်ဆောင်သွားမှာပါ လို့ ပြောသွားတာဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ပညာရှင်အဖွဲ့ဟာ လက်တွေ့ကွင်းဆင်းစစ်ဆေးမှုတွေ စတင်နေပြီလို့လည်း ဒေါက်တာစိုးသူရထွန်းကပြောပါတယ်။
ပညာရှင်တွေ လေ့လာတွေ့ရှိချက်တွေအပေါ် စုံစမ်းစစ်ဆေးရေးကော်မရှင်ကို တင်ပြအစီရင်ခံမှာဖြစ်ပြီး ကော်မရှင်ကနေတဆင့် ကြားဖြတ် အစီရင်ခံစာအဖြစ် ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ သမ္မတကို ပြန်တင်ပြမှာဖြစ်ပါတယ်လို့ ကော်မရှင်အဖွဲ့ဝင် လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင် က ပြောပါတယ်။
“ကျမတို့ စုံစမ်းစစ်ဆေးရေးကော်မရှင်မှာကတော့ ကျမတို့ပညာရှင်တွေမပါပါဘူး။ ၁၆ဦးထဲမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နောက် အပြင်က ဌာနဆိုင်ရာ အရာရှိတွေပါပဲ။ ဒါတွေနဲ့ဖွဲ့စည်းထားတော့ ကျမတို့အဖွဲ့အနေနဲ့ကတော့ ဒေသဆိုင်ရာပြည်သူတွေရဲ့ ခံစားချက်တွေနဲ့ သဘာဝပတ်ဝန်းကျင်တွေ၊ ကျမတို့မျက်မြင် ကိုယ်တွေ့ပေါ့နော်။ ဒေသ ဆိုင်ရာတွေနဲ့ တွေ့ဆုံခဲ့ပြီးတော့မှ နားထောင်ရတာတွေ၊ ကျမတို့တတွေ တွေ့ကြုံရတာတွေ၊ ဒါတွေကိုဘဲ ကျမတို့က လုပ်နိုင်ပါတယ်။ အဲ့တော့ ကျမတို့က ရေထုမြေထုပေါ့နော်။ ရေထုမြေထုပျက်စီးနေတာတွေ၊ သဘာဝပတ်ဝန်းကျင်၊ လူမူဘဝပတ်ဝန်းကျင် ပျက်စီးနေရတာတွေ ဒါတွေကိုတော့ ကျမတို့က ပညာရှင်တွေနဲ့လေ့လာမှပဲ၊ ပညာရှင်တွေ ဖော်ထုတ်မှပဲ အမှန်အတိုင်း တွေ့နိုင်မှာဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျမတို့ကော်မရှင်ကနေပြီးတော့မှ ကော်မရှင်အစည်းအဝေးထိုင်တဲ့အချိန်မှာ ဒီအတိုင်းဆိုရင်တော့ ကျမတို့တတွေက ဒီလောက်နဲ့တော့ ကျမတို့က အပေါ်ယံလောက်ပဲ လေ့လာနိုင်မယ်။ အဲ့တော့ တကယ့်ပညာရှင်တွေပါဝင်ပြီးတော့ ပညာရှင်တွေ လေ့လာတာ သင့်တော်မယ်ဆိုတော့ ကျမတို့အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တဲ့အတိုင်း ဆုံးဖြတ်ကြပါတယ်။ အဲ့တော့ ဆုံးဖြတ်ချက်အတိုင်းပဲ တတိယပေါ့နော်။ Third Party ဖြစ်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်တွေ အားလုံးပါဝင်တဲ့ အဖွဲ့တဖွဲ့ကို ကျမတို့က အကူအညီတောင်းပါတယ်။ အဲ့လိုအကူအညီတောင်းတဲ့အခါမှာ ဒီအဖွဲ့က လိုလိုလားလားနဲ့အကူအညီပေးပါမယ်ဆိုပြီး ပြောတဲ့အတွက်ကြောင့်မို့လို့ လောလောဆယ် ပြည်တွင်းပညာရှင်တွေပါဝင်တဲ့ အဖွဲ့အနေနဲ့ အခုကတော့ စုံစမ်းစစ်ဆေးရေးလုပ်နေတာပါ။”
လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးကော်မရှင်ရဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး နောက်ဆုံးလေ့လာတွေ့ရှိချက်တွေနဲ့ပတ်သက်ပြီးလည်း စုံစမ်းစစ်ဆေးရေးကော်မရှင် အနေနဲ့ အချိန်နဲ့တပြေးညီ သတင်းထုတ်ပြန်သွားမှာဖြစ်တယ်လို့လည်း စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ ကြားဖြတ်အစီရင်ခံစာကို လာမယ့် ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ သမ္မတဦးသိန်းစိန်ထံကို တင်သွင်းမှာဖြစ်ပါတယ်။