မလေးရဲဖမ်းစဉ် မြန်မာအမျိုးသမီးငယ်တဦး လှေကားပေါ်ကပြုတ်ကျသေဆုံး

Your browser doesn’t support HTML5

မလေးရှားနိုင်ငံ Sunway မြို့မှာ တရားမဝင် နိုင်ငံခြားသားတွေကို ရဲတပ်ဖွဲ့က ရှာဖွေဖမ်းဆီးစဉ် ထွက်ပြေးဖို့ ကြိုးစားတဲ့ မြန်မာအမျိုးသမီးတဦး လှေကားပေါ်က ပြုတ်ကျသေဆုံးခဲ့ပါတယ်။ သူမရဲ့ဈာပနကို ဇူလိုင်လ ၃၀ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ကြောင်း နှလုံးလှပရဟိတ လူငယ်များသွေးလှူရှင်အဖွဲ့ က VOA ကို ပြောပါတယ်။