မလေးရှားဝန်ကြီးချုပ်သစ် ကျမ်းသစ္စာကျိန်ဆို

မလေးရှားဝန်ကြီးချုပ်သစ် Muhyiddin Yassin (လယ်)။ (မတ်လ ၁၊ ၂၀၂၀)

(Zawgyi / Unicode)

မလေးရှား ပြည်ထဲရေးဝန်ကြီးဟောင်း Muhyiddin Yassin ဟာ ဒီကနေ့ တနင်္ဂနွေနေ့မှာ ဝန်ကြီးချုပ်သစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပါတယ်။

အသက် ၉၄ နှစ်ရှိပြီဖြစ်တဲ့ ဝန်ကြီးချုပ် မဟာသီယာမိုဟာမက်ဒ် ရာထူးက နုတ်ထွက်စာ တင်ခဲ့ပြီးနောက်မှာ မလေးရှားဘုရင်က Muhyiddin ကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခန့်ထားလိုက်တာပါ။

Muhyiddin ဟာ ဝန်ကြီးချုပ်တာဝန်တွေကို အပြည့်အ၀ ထမ်းရွက်သွားမှာ ဖြစ်ကြောင်း ဒီကနေ့ ဘုရင် Sultan Abdullah Sultan Ahmad Shah ရှေ့မှောက်မှာ ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။

သူဟာ ဝန်ကြီးချုပ်တာဝန်တွေကို တနင်္လာနေ့က စပြီး ထမ်းဆောင်သွားမှာ ဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ကြေညာခဲ့ပေမယ့် တခြားမှတ်ချက် တစုံတရာတော့ ပေးမထားပါဘူး။

ဝန်ကြီးချုပ်ဟောင်း မဟာသီယာက သူ့ရာထူး ဆက်ခံမယ့်သူအဖြစ် Anwar Ibrahim ကို လျာထားခဲ့တာပါ။ ဒါပေမယ့် Anwar Ibrahim ကို အာဏာလွှဲမပေးရအောင် အစိုးရသစ်ဖွဲ့ဖို့ ဝန်ကြီးချုပ် မဟာသီယာရဲ့ ပါတီနဲ့ အတိုက်အခံ အဖွဲ့တွေက အဖွဲ့ဝင်တချို့ကြား ဆွေးနွေးမှုတွေကြောင့် ဝန်ကြီးချုပ် မဟာသီယာ ရာထူးက နုတ်ထွက်ခဲ့တာပါ။

နှစ်ပေါင်း ၆၀ နီးပါးကြာ အုပ်ချုပ်ခဲ့တဲ့ အာဏာရပါတီဟောင်းဖြစ်တဲ့ ညီညွတ်သော မလေးအမျိုးသားအစည်းအရုံး (UMNO) ကလည်း အစ္စလာမ္မစ်ပါတီဖြစ်တဲ့ PAS နည်းတူ Muhyiddin ကို ထောက်ခံထားပါတယ်။

မဟာသီယာနဲ့ Anwar တို့ ဆက်ပြီး လက်တွဲဆောင်ရွက်သွားမယ်လို့ စနေနေ့မှာ ပြန်လည် ပြောဆိုခဲ့ပေမယ့်လည်း အများစုထောက်ခံမှု ရထားတဲ့ အချက်ကြောင့် Muhyiddin ကို ဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်ခဲ့ရတာ ဖြစ်တယ်လို့ ဘုရင့်နန်းတော်က ကြေညာချက် ထုတ်ပြန်ပါတယ်။

အခုလို ဘုရင်ရဲ့ ဆုံးဖြတ်ချက်အပေါ်ကို မကျေနပ်တဲ့အတွက် စနေနေ့က မြို့တော် ကွာလာလမ်ပူမှာ လူ ၂၀၀ လောက် စုဝေးဆန္ဒပြခဲ့ကြပါတယ်။

--------------------------------

(Unicode)









အခုလို ဘုရငျရဲ့ ဆုံးဖွတျခကြျအပေါျကို မကြနေပျတဲ့အတှကျ စနနေေ့က မွို့တောျ ကှာလာလမျပူမှာ လူ ၂၀၀ လောကျ စုဝေးဆန်ဒပွခဲ့ကွပါတယျ။

Your browser doesn’t support HTML5

မလေးရှားဝန်ကြီးချုပ်သစ် ကျမ်းသစ္စာကျိန်ဆို