တောင်တရုတ်ရေပိုင်နက် အငြင်းပွါးမှု တရုတ်အလျှော့ပေးဖွယ်မရှိ

တရုတ် သမ္မတ Xi Jinping (မတ်၊ ၁၂၊ ၂၀၁၉)

တရုတ်နိုင်ငံအနေနဲ့ တောင်တရုတ်ပင်လယ် ပိုင်ဆိုင်မှု အသေးစိတ်နယ်နမိတ်မျဉ်းကို ထိန်းသိမ်း လျို့ဝှက်ထားမဲ့သဘောရှိတယ်လို့ ပင်လယ်ရေးကြောင်းဆိုင်ရာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

ဒီရေကြောင်း ကျွမ်းကျင်သူတွေကပဲ ခုလို တရုတ်ဘက်က လျို့ဝှက်ထားချင်ရတာက နိုင်ငံတကာ ဥပဒေတွေကို မယုံကြည်တာနဲ့ သူ့ဘက်က ထိန်းချုပ်ဖို့ အရေးပါတဲ့ ပင်လယ်လမ်းကြောင်းနေရာတွေကို ဆက်ထိန်းချုပ်ထားနိုင်ဖို့ ဖြစ်တယ်လို့ ထောက်ပြလိုက်ပါတယ်။

ခုလို တရုတ်အစိုးရရဲ့ တောင်တရုတ်ပင်လယ် ပိုင်ဆိုင်မှုကိစ္စ ပြန်ထွက်ပေါ်လာတာက မတ်လ (ရ) ရက်နေ့တုံးက မလေးရှား ဝန်ကြီးချုပ် Mahathir Mohamad က တရုတ်ကွန်မြူနစ်ခေါင်းဆောင်တွေ အနေနဲ့ ဒီတောင်တရုတ်ပင်လယ် ပိုင်ဆိုင်မှုမျဉ်း အသေးစိတ် သတ်မှတ်ပေးပါလို့ တောင်းဆိုခဲ့အပြီးမှာဖြစ်ပါတယ်။

၃.၅ သန်း စတုရန်း ကီလိုမီတာကျယ်ဝန်းတဲ့ တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်နိုင်ငံဘက်က သူတို့ ပိုင်တယ်လို့ ပြောထားတာရဲ့ တစိတ်တပိုင်း (သို့မဟုတ်) အားလုံးကို တရုတ်နဲ့ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေကြတဲ့ မလေးရှား၊ ဖီလစ်ပိုင်၊ ဘရူနိုင်း၊ ဗီယက်နမ်နဲ့ ထိုင်ဝမ်တို့ ကန့်ကွက်ထားကြပါတယ်။

ဟောင်ကောင်ကနေ ဘောနီယိုကွန်းအထိကျယ်တဲ့ ဒီတောင်တရုတ်ပင်လယ်တွင်းမှာ တရုတ်က ယေဘူယျ မျဉ်းတို (၉) ကြောင်းနဲ့ နယ်နမိတ်လိုင်းဆွဲ သတ်မှတ်ထားပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ဒီ တရုတ်ဆွဲထားတဲ့ နယ်နမိတ်လိုင်းတွင်းမှာ စစ်ရေးသုံးဖို့ ကျွန်းတုတွေ ဆောက်လုပ်တာနဲ့ နိုင်ငံခြားသီးသန့် စီးပွားဇုန်ထဲမှာ တရုတ်ကမ်းခြေစောင့် ရေယာဉ်တွေ ဖြတ်သန်းခဲ့တာအတွက် ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ နိုင်ငံတွေ စိတ်မသက်မသာဖြစ်ခဲ့ရပါတယ်။

Your browser doesn’t support HTML5

တောင်တရုတ်ရေပိုင်နက် အငြင်းပွါးမှု တရုတ်အလျှော့ပေးဖွယ်မရှိ