*မုန်တိုင်းမဝင်ခင် ဘေးကင်းရာကြိုရှောင်ထားကြဖို့ မိုးဇလဌာန သတိပေး*

Your browser doesn’t support HTML5

အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”ဟာ ဘင်္ဂလားဒေ့ရှ်−မြန်မာ ကမ်းရိုးတန်းဆီ ဦးတည်ရွေ့လျားနိုင်တဲ့ အခြေအနေရှိပြီး မိုးဇလက လိမ္မော်ရောင်အဆင့် သတ်မှတ်ထားပါတယ်။ မုန်တိုင်းဟာ မြန်မာနိုင်ငံကို တနင်္ဂနွေနေ့မှာ ဖြတ်ကျော်ဝင်လာနိုင်လို့ ဘေးကင်းရာ ကြိုတင်ရှောင်ရှားကြဖို့ သတိပေးချက်ထုတ်ထားပါတယ်။