ရုရှားကိစ္စ Robert Muller စုံစမ်းမှုပြီးဆုံးပြီ

အထူးစုံစမ်း စစ်ဆေးရေးမှုး Robert Muller နဲ့ အမေရိကန် သမ္မတ Donald Trump

ပြီးခဲ့တဲ့၂၀၁၆ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲ ကာလအတွင်း ရုရှားနိုင်ငံရဲ့ ဝင်ရောက်စွက်ဖက်မှုတွေ ရှိမရှိဆိုတာနဲ့ သမ္မတ Donald Trump ရဲ့ ရွေးကောက်ပွဲ မဲဆွယ်မှုတွေမှာ ရုရှားက ပါဝင်မှုရှိမရှိဆိုတာကို စုံစမ်းစစ်ဆေးနေတဲ့ အထူးစုံစမ်း စစ်ဆေးရေးမှုး Robert Muller ရဲ့ အစီရင်ခံစာပြီးဆုံးသွားပါပြီ။

အဲဒီအစီရင်ခံစာထဲမှာ ဘာတွေပါသလဲဆိုတဲ့ အချက်အလက်တွေကို လောလောဆယ် မသိရသေးပေမဲ့ FBI ညွှန်ကြားရေးမှူးဟောင်း တဦးလည်းဖြစ်တဲ့ Robert Muller က သူ့ရဲ့အစီရင်ခံစာကို ပြည်ထောင်စုအစိုးရ ရှေ့နေချုပ် Willian Barr ဆီကို သောကြာနေ့နှောင်းပိုင်း မနေ့တုန်းကပဲ တင်သွင်းလိုက်ပါပြီ။

၂၀၁၇ခုနှစ် မေလက ဒီကစ္စတွေကို စုံစမ်းစစ်ဆေးမှုကို ဦးဆောင်ဖို့ Robert Muller တာဝန်ပေးခံခဲ့ရတာပါ။ လောလောဆယ် အချိန်အထိ ဒီစုံစမ်းစစ်ဆေးမှုအရ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေအပေါ် စွဲချက် ၃၇ ခုတင်ထားနိုင်ခဲ့ပြီး အဲဒီအထဲမှာ အများစုက ရုရှားနဲ့ ဆက်စပ်နေသူတွေဖြစ်ပြီး သူတို့ကို မမိသေးပါဘူး။

စွဲချက်တင်ခဲ့တဲ့ သူတွေထဲမှာ ၇ ဦးကတော့ အပြစ်ရှိကြောင်း ဝန်ခံခဲ့ကြပါတယ်။ အခွန်ရှောင်မှုနဲ့ လိမ်လည်မှုတွေနဲ့ ပြစ်ဒဏ်ကျခံနေရသူ တဦး ရှိထားပါပြီ။

သမ္မတ Trump ကတော့ ဒီစစ်ဆေးမှုဟာ ပုဂ္ဂိုလ်ရေး ရည်ရွယ်ချက်နဲ့ တမင်လုပ်ဆောင် နေတာဖြစ်တယ်။ ရုရှားရဲ့စွက်ဖက်မှု တွေမရှိဘူးလို့တောက်ရှောက်ပြောနေတာပါ။ ရှေ့နေချုပ် Willian Barr ကတော့ အစီရင်ခံစာက တွေ့ရှိချက်တွေကို လွှတ်တော်နဲ့ ပြည်သူအများသိနိုင်အောင် တင်ပြဖို့ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ရုရှားကိစ္စ Robert Muller စုံစမ်းမှုပြီးဆုံးပြီ