သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Mueller အစီရင်ခံစာနဲ့ ၂၀၂၀ ရွေးကောက်ပွဲ


Mueller အစီရင်ခံစာနဲ့ ၂၀၂၀ ရွေးကောက်ပွဲ
please wait

No media source currently available

0:00 0:03:56 0:00
တိုက်ရိုက် လင့်ခ်

၂၀၁၆ ခုနှစ်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရဖို့အတွက် ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ရှိမရှိ စုံစမ်း စစ်ဆေးခဲ့တဲ့ အထူးစုံစမ်း စစ်ဆေးရေးမှူး Robert Mueller ရဲ့ အစီရင်ခံစာ ထွက်လာပြီးကတည်းက သမ္မတ Donald Trump ဟာ အောင်ပွဲခံနေခဲ့တာပါ။ သမ္မတ Trump ရဲ့ မဲဆွယ်စည်းရေးအဖွဲ့နဲ့ ရုရှားအကြား ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း မရှိဘူးလို့ မစ္စတာ Mueller အစီရင်ခံစာမှာ ဖော်ပြထားပေမယ့် သမ္မတအနေနဲ့ ဥပဒေကို ချိုးဖောက်ခဲ့ခြင်း ရှိမရှိဆိုတဲ့ကိစ္စမှာတော့ မှတ်ချက် တစုံတရာ ပေးထားခြင်း မရှိပါဘူး။ မစ္စတာ Mueller ရဲ့ အစီရင်ခံစာကြောင့် ဖြစ်လာမယ့် နောက်ဆက်တွဲ အကျိုးဆက်တွေဟာ ၂၀၂၀ သမ္မတ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုတွေအထိပါ ရောက်လာနေကြောင်း ဗွီအိုအေသတင်းထောက် Jim Malone က ဝါရှင်တန်ကနေ သတင်းပေးပို့ထားပါတယ်။ ကိုသိန်းထိုက်ဦးက တင်ပြပေးမှာပါ။

XS
SM
MD
LG