မြန်မာနိုင်ငံမှာ ဒီလပိုင်းတွေ အတွင်း ဒေါ်လာဈေးမြင့် တက်နေပြီး မြန်မာ ကျပ်ငွေ တန်ဖိုး ကျဆင်းတဲ့ ကိစ္စမှာ မြန်မာနိုင်ငံ ပြည်ထောင်စု ဗဟိုဘဏ်အနေနဲ့ တစ်ဒေါ်လာ နဲ့ ညီမျတဲ့ မြန်မာကျပ်ငွေ တန်ဖိုးကို ချတဲ့ ကြားဝင်ဆောင်ရွက်ချက်တွေ လုပ်ဆောင်ခဲ့ပေမဲ့ တကယ့်လက်တွေ့မှာတော့ ပြည်တွင်းမှာ ထွက်ပေါ်နေတဲ့ မသေချာတဲ့ စိုးရိမ်စရာ သတင်းတွေကြောင့် မြန်မာပြည်တွင်း ဒေါ်လာဈေးဟာ မငြိမ်မသက်ဖြစ်နေရတယ်လို့ ဗဟိုဘဏ်တာဝန်ရှိသူတွေကပြောပါတယ်။ အခုလို မြန်မာကျပ်ငွေ တန်ဖိုးကျနေတဲ့ကိစ္စကို ပြည်ထောင်စုဗဟိုဘဏ်အနေနဲ့ ဘယ်လို လုပ်ဆောင်ပေးနေတာရှိပါသလဲလို့ ဗဟိုဘဏ်ရဲ့ နည်းပညာဆိုင်ရာ တာဝန်ရှိ အကြံပေးပုဂ္ဂိုလ် စီးပွားရေးပညာရှင် ဦးကျော်မင်းထွန်းကို မေးမြန်းရာမှာ သူက အခုလို စတင်ဖြေကြားပါတယ်။
" လောလောဆယ်မှာတော့ ဗဟိုဘဏ်ရဲ့ Reference Rate ကို ကျနော်တို့ Market Rate နဲ့ in-line ဖြစ်အောင် နည်းနည်းလေးမြှင့်လိုက်တာပေါ့နော်။ Reference Rate က တစ်ထောင့်တစ်ရာကျော်ကနေပြီးတော့ တစ်ထောင့်နှစ်ရာကို တက် သွားတာပေါ့လေ။ ဒါကတော့ ဗဟိုဘဏ်က လုပ်နေတာပဲလေ။ Monetary ပေါ်လစီ ကတော့ ပြည်တွင်းက Inflation တွေလည်း လျော့သွားအောင် လုပ်တော့ လုပ်နေတာပဲလေ။ "
မေး။ ။ ဒေါ်လာဈေးတက်ပြီးတော့ မြန်မာငွေ ဈေး ကျနေရတဲ့ အကြောင်းအရင်း ကရော ဘာကြောင့်လဲ ခင်ဗျ။
" မြန်မာငွေ တန်ဖိုးကျသွားတယ်ဆိုတာက ပြည်ပက အကြောင်းရင်းလည်း ပါတယ်။ ပြည်တွင်းက အကြောင်းရင်းလည်းရှိတာကိုး။ အဲ့တော့ ပြည်ပ အကြောင်းအရင်းက ခင်ဗျားတို့လည်း သိတဲ့အတိုင်းပဲ ဒေါ်လာက အခု တန်ဖိုးတက်လာတယ်။ အမေရိကန် စီးပွားရေး ကလည်း ကောင်း လာတယ် နောက်တခုက အမေရိကန်ရဲ့ ဗဟိုဘဏ်ပေါ်လစီ ကလည်း စီးပွားရေးတောင့်အောင် ငွေအများကြီးထည့်တာကို ရပ်လိုက်ပြီးတော့ Monetary tightening ခေါ်တာပေါ့။ ငွေကို နည်းနည်းကျအောင် ပြန်လုပ်လိုက်တယ် ဆိုတော့ အဲ့တာတွေကြောင့် ဒေါ်လာဈေးတက်လာတယ်။ နိုင်ငံတကာမှာ။ ဒါက ပြည်ပ အကြောင်းအရင်းပေါ့။ အဲ့တာက ကျနော်တို့ လုပ်လို့မရဘူးလေ။
ပြည်တွင်း အကြောင်းအရင်းကတော့ ကျနော်တို့ ဘက်ဂျက်မှာ လိုငွေတွေ များလာတယ်။ ပြည်တွင်းမှာ ခုနကလို လစာတွေ တိုးလာတာတို့ နောက်တခါ ကျနော်တို့နိုင်ငံကလည်း Development အတွက် သုံးစွဲရတဲ့ Investment တွေက စီးပွားရေး အဆောက်အအုံ ချဲ့နေရတာကိုး။ အဲ့ဒီ့တော့ အသုံးစားရိတ်တွေ များတယ်ဆိုတော့ ပြည်တွင်းမှာလည်း ငွေဖောင်းပွမှုက နည်းနည်းတက်လာတာပေါ့။ အဲ့လိုတက်လာတာကို ဒီဘက်က ကျနော်တို့ ငွေကြေးအနေနဲ့ လုပ်တယ်။ နောက်ကျတော့ Trade ကျတော့လည်း ဗဟိုဘဏ်က လုပ်လို့မရဘူးလေ။ ကုန်သွယ်ရေး မူဝါဒကျတော့ Trade Ministry ကလည်း Import နဲ့ export ကို ဘာမှ Control လုပ်လို့မရဘူးလေ။ ဘယ်လို inport တွေ သွင်းရမယ် ဘယ်လို import ကို မသွင်းရဘူး အဲ့လိုကန့်သတ်ချက်ကလည်း ကျနော်တို့ လုပ်လို့မရဘူး။ export ကိုလည်း တွန်းအားပေးလို့မရဘူး။ ဒီနိုင်ငံခြားပစ္စည်းသုံးစွဲမှုကလည်း များလာတော့ ဒေါ်လာ demand ကလည်း ဒီထဲမှာ များလာတာပေါ့။
နောက် နိုင်ငံခြားက ဝင်လာတဲ့ ကုမ္ပဏီတချို့ကလည်း သူတို့ ဒေါ်လာကို ပြန်ပြီးတော့ demand ပြန်များလာတော့ တဖက်က ဒေါ်လာကို လူတွေက ပိုပြီးတော့ လိုလာတယ်။ ပြည်တွင်းမှာလည်း ဒေါ်လာ demand က များတယ်။ ကျပ် Supply များလာတယ်။ ကျပ်တွေက တိုးလာတယ်။ အဲ့ကြားထဲမှာ ကျနော်တို့က ကျပ်ငွေက တန်ဖိုးကျတဲ့ Pressure တွေကလည်း အဲ့တာတွေကလည်းရှိတယ်။ ဆိုတော့ ကျနော်တို့ ဗဟိုဘဏ်အနေနဲ့ကတော့ လုပ်နိုင်တဲ့ ငွေကြေးနည်းလမ်းတွေ အကုန်လုံး လုပ်နေတာပဲ။
မေး။ ။ မြန်မာနိုင်ငံအနေနဲ့က အခုဖြစ်ပျက်နေတဲ့ အကြပ်အတည်းအတွက်က ဆရာတို့ ဗဟိုဘဏ်အနေနဲ့က အကောင်းဆုံး လုပ်နိုင်တာ ဘာ-ရှိလဲ ခင်ဗျ။
" ဗဟိုဘဏ်ကတော့ လုပ်နိုင်တဲ့ ငွေကြေးနည်းလမ်းတွေရှိတယ်လေ။ အဲ့တာတွေတော့ လုပ်နေတာပဲ။ လုပ်နေပေမဲ့ အခုဖြစ်နေတဲ့ အခြေအနေကလည်း ရိုးရိုးတန်းတန်း မဟုတ်တော့ပဲနဲ့ တဖက်က ဘာရှိလဲဆိုတော့ ကျနော်တို့ ထိတ်လန့် စိုးရိမ်ပြီးတော့ စိုးရိမ်ပြီးတော့ အရောင်းအဝယ်တွေဖြစ် လာတယ်။ နောက် တခုက ဈေးကစားချင်တဲ့ ဟာမျိုးတွေရှိလာတယ်။ အဲ့တာမျိုးတွေကျတော့ ကျနော်တို့က သူတို့ရဲ့ စိုးရိမ်ကြောင့်ကြမှုတွေ မရှိရအောင်လို့ ကဲ ဒါဆို ကောင်းပြီ လိုသလောက် ဒေါ်လာကို demand ရှိသလောက်ကို ဖြည့်ပေးမယ် ဆိုတာမျိုးကျတော့လည်း ကျနော်တို့မှာ Capicity က မရှိဘူးလေ။ "
ဗဟိုဘဏ်ရဲ့ နည်းပညာဆိုင်ရာ တာဝန်ရှိ အကြံပေးပုဂ္ဂိုလ် စီးပွားရေးပညာရှင် ဦးကျော်မင်းထွန်းကို ဗွီအိုအေမြန်မာပိုင်းက ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားတာပါ။