စစ်အာဏာသိမ်းတနှစ်တာ အလုပ်သမားရပိုင်ခွင့်များဆုံးရှုံး

လှိုင်သာယာစက်မှုဇုံနဲ့ ပတ်ဝန်းကျင်။ (အောက်တိုဘာ ၁၀၊ ၂၀၁၅)

[[Zawgyi/Unicode]]

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ၁ နှစ်အတွင်း စက်မှုဇုံ ကုန်ထုတ်လုပ်ငန်းတွေ ပုံမှန်အခြေအနေအတိုင်း လည်ပတ်နိုင်တဲ့ အခြေအနေမှာ မရှိသေးပါဘူး။ အလုပ်သမားအခွင့်အရေး ဆုံးရှုံးနစ်နာမှုတွေလည်း ပိုပြီးဆိုးရွားလာတယ်လို့ အလုပ်သမား အရေးကျွမ်းကျင်သူတွေက ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကိုတော့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါဖြစ်နေချိန် စစ်အာဏာသိမ်းလိုက်ပြီးနောက် နိုင်ငံရေး လုံခြုံရေး မတည်ငြိမ်မှုတွေကြောင့် စက်မှုဇုံတွေက ကုန်ထုတ်လုပ်ငန်းတွေဟာ ပြီးခဲ့တဲ့ ၂၀၂၁ တနှစ်လုံး လုပ်ငန်းလည်ပတ်နိုင်ဖို့ အတော်လေး ကြိုးစားခဲ့ကြရပါတယ်။

ကုန်အမှာတွေလုံးဝမရတာ၊ ပြည်ပကကျွမ်းကျင် ပညာရှင်တွေ မလာနိုင်တဲ့အတွက် ကျွမ်းကျင်မှုပိုင်း အထောက်အပံ့မရတာတွေကြောင့်လည်း လုပ်ငန်းတွေ ပုံမှန်လည်ပတ်ဖို့ ခက်ခဲခဲ့ပါတယ်။ နိုင်ငံရေးတည်ငြိမ်မှုနဲ့ ဘဏ်စနစ်ပြိုလဲသွားတာကြောင့် စက်မှုဇုံထဲက လုပ်ငန်းငယ်တွေ ရပ်ဆိုင်းသွားတယ်လို့ စက်မှုဇုံတခုရဲ့ ဥက္ကဋ္ဌက ဗွီအိုအေကို ပြောပါတယ်။

“Local စက်ရုံလေးတွေ သေးသေးမွှားမွှားလေးတွေ ပိတ်သိမ်းသွားတာ များတာပေါ့နော်။ အဓိက အော်ဒါမရတာပေါ့။ တဆင့်ခံ အော်ဒါလက်ခံပြီးပြန်ချုပ်တဲ့ လူ ၁၀၀-၂၀၀ ရှိတဲ့စက်ရုံလေးတွေက ဆက်မ run နိုင်ဘူးပေါ့။ လူ ၁,၀၀၀- ၂,၀၀၀ ရှိတဲ့စက်ရုံကြီးတွေကျတော့ နိုင်ငံတကာက ပိတ်စက်ရုံကြီးတွေနဲ့ တောက်လျှောက် ချိတ်ထားတဲ့အခါကျတော့ အလျော်အစားရှိတာကိုး။ ... ဆိုတဲ့အခါကျတော့ သူတို့ကပြန်ဖွင့်တယ်။ လူတိုင်းတော့ မဟုတ်ဘူးပေါ့။ ဒီ crisis ( အကျပ်အတည်း) မှာတော့ မတောင့်နိုင်တဲ့သူကတော့ ပြိုသွားတဲ့သဘောပါပဲ။”

သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်က ဒေါ်မျိုးအေးက စက်မှုဇုံတွေရဲ့ လက်ရှိအခြေအနေကို အခုလိုပြောပြပါတယ်။

“ပုံမှန်အခြေအနေတော့ မဖြစ်သေးပါဘူး။ လုပ်ငန်းလည်ပတ်မှုကတော့ ရှိကောင်း ရှိလိမ့် မှာပေါ့။ ပထမ အာဏာမသိမ်းခင်က အနေအထားမျိုးတော့ မဟုတ်သေးပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ တိုင်းပြည်က ဆက်တိုက် အထိနာသွားတာ။ ကိုဗစ်ကြောင့် လုပ်ငန်းတွေက ရပ်ဆိုင်းနေတယ်၊ မလည်ပတ်နိုင်သေးတဲ့အချိန်မှာ အာဏာသိမ်းလိုက်တဲ့အခါကျတော့ ပိုပြီးတော့ဆိုးသွားတဲ့ အနေအထား။ အကုန်လုံးတော့ လည်ပတ်နိုင်မှာ မဟုတ်သေးပါဘူး၊ မီးလောင်သွားတဲ့စက်ရုံတွေရှိတယ်။ ဒီစက်ရုံတွေက ပြန်လည်ပတ်နိုင်ဖို့ ခက်ကောင်းခက်လိမ့်မယ်၊ လည်တယ်ဆိုတဲ့ရုံက တဝက်တပျက်ပဲ လောင်တာပေါ့။ ဇာတ်လမ်းတွေက ရှုပ်ရှက်ခတ်နေတယ်။ ဒီနိုင်ငံရေးရှုပ်ထွေးမှုရဲ့ နောက်ကွယ်မှာ မရိုးသားကြဘူးပေါ့။ အားလုံးက။ ဒါပေမဲ့ ခံရတာကတော့ အလုပ်သမားပေါ့- လုပ်သားပြည်သူတွေ အလုပ်သမားတွေခံရတာ။”

နိုင်ငံအနှံ့က စက်မှုဇုံက စက်ရုံလုပ်ငန်းတော်တော်များများမှာလည်း အလုပ်သမားအခွင့် အရေး ချိုးဖောက်မှုတွေ ပိုများလာတယ်လို့ အလုပ်သမားအရေး ကျွမ်းကျင်သူတွေက ပြောပါတယ်။ အလုပ်ရှင်တွေဘက်က အကြပ်အတည်းကြားမှာ လည်ပတ်နေကြရတဲ့အတွက် သူတို့အမြတ်ကျန်အောင် အချိန်ပိုခမပေးဘဲ အချိန်ပိုတွေ ခိုင်းတာမျိုးတွေရှိနေပြီး အလုပ်သမားတွေဘက်ကလည်း အလုပ်အကိုင်ခက်ခဲနေချိန်မှာ သည်ခံလုပ်နေကြရတယ်လို့ ထောက်ပြကြပါတယ်။ အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ စတဲ့ သုံးပွင့်ဆိုင် အငြင်းပွားမှုဖြေရှင်းရေး ယန္တရားက ပျက်သွားတဲ့အတွက် ဒါကိုအခွင့်ကောင်းယူပြီး အလုပ်ရှင်တွေက အလုပ်သမားတွေကို ပိုပြီးဖိနှိပ်လာတယ်လို့ အလုပ်သမားရေးရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။ မိုးလင်းပေါက် အလုပ်ဆင်းခိုင်းတာ၊ အချိန်ပိုကြေးမပေးတာ၊ အလုပ်နားချိန် အတင်းအကျပ် အလုပ်ဆင်းခိုင်းတာ၊ လူမှုဖူလုံကြေးကို မပေးဘဲနေတာ စတဲ့ အလုပ်သမား အခွင့်အရေးချိုးဖောက်တာတွေ လည်းပိုများလာပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပိတ်သိမ်းသွားတဲ့စက်ရုံတွေက အလုပ်သမားတွေ ၁၀၀,၀၀၀ ကျော်ဟာ သူတို့ရဲ့ ရပိုင်ခွင့်အတွက် တောင်းဆိုနေကြရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က ဒေါ်ခိုင်ဇာအောင်က ပြောပါတယ်။

“အခုစက်ရုံတော်တော်များများ ပိတ်ပါတယ်၊ အထည်ချုပ်လုပ်ငန်းအသင်းကနေ အင်တာဗျူးတခုမှာဆိုရင် စက်ရုံပေါင်း ၁၄၀ က ယာယီပိတ်တယ်လို့ ပြောပါတယ်။ အခုကျမတို့တွေကို တိုင်ကြားတဲ့ စာတွေမှာကြည့်မယ်ဆိုရင် အမှုတော်တော်များများက စက်ရုံယာယီ ပိတ်သိမ်းတဲ့အတွက်ကြောင့်မို့ လစာမရတဲ့အတွက် အကူအညီတောင်းခံလာတဲ့ စာတွေ၊ အကြောင်းအရာတွေ ဖြစ်နေပါတယ်။ ... ဆိုတော့ အလုပ်သမား တသိန်း၊ တသိန်းခွဲလောက်က ယာယီအလုပ်ပိတ်တယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အလုပ်လက်မဲ့ဖြစ်ပြီးတော့ လျော်ကြေးငွေတွေမရတဲ့ အနေအထားမျိုးတွေ ဖြစ်လာတယ်။ တရားဥပဒေ စိုးမိုးမှုတွေ မရှိတော့တဲ့အခါမှာ အလုပ်သမားတွေက ဥပဒေပါ အခွင့်အရေးကိုတောင် မရတော့ပါဘူး။”

လူမှုဖူလုံကြေးလို အစိုးရကို ပုံမှန်သွင်းရတဲ့ ငွေတွေကိုလည်း အလုပ်ရှင်တွေက အလုပ် သမားတွေဆီကနေ ပိုပြီးကောက်ခံလာတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က ဒေါ်ခိုင်ဇာအောင်က ပြောပါတယ်။

“ဒီအာဏာသိမ်းမှုနောက်ပိုင်းမှာ အလုပ်သမား သမဂ္ဂတွေကို target ( ပစ်မှတ်) ထားပြီးတော့ ဖြိုခွဲလာတဲ့ နောက်ပိုင်းမှာဆိုရင် အလုပ်ရှင်တွေက ဒီစာချုပ်တွေကို အားလုံးကို ဖျက်သိမ်းလိုက်တယ်ဆိုတဲ့ ကြေညာချက်တွေ လုပ်ခဲ့ပါတယ်။ အဲဒီအကျိုးဆက်အနေနဲ့ အလုပ်သမားတွေက ယခင်ရတဲ့လစာတွေထက် များစွာလျော့နည်းပြီးတော့ ရကြတယ်ဆိုတာ ဖြစ်လာပါတယ်။ လုပ်ခလစာတွေ နည်းသွားတဲ့အပြင်ကို အိုဗာတိုင်တွေ အဓမ္မခိုင်းစေခြင်း ခံရနေတဲ့အပြင် ပိတ်ရက် အလုပ်နားရက်တွေကလည်း အခုဆိုရင် စက်ရုံတော်တော် များများဟာ ခံစားခွင့်မပေးတော့ဘူး။ လူမှုဖူလုံကြေး ခံစားခွင့်တွေ မရတော့ဘူးဆိုတာတွေ ဖြစ်လာတယ်။”

၂၀၂၁ ခုနှစ်အတွင်း အလုပ်လက်မဲ့ဖြစ်ပွားတဲ့နှုန်းကို အချက်အလက် မှန်မှန်ကန်ကန်ရဖို့ ခက်ခဲတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO ရဲ့ အချက်အလက်အရဆိုရင်တော့ ၂၀၁၉မှာမြန်မာပြည်က စက်မှုဇုံ အထည်ချုပ်လုပ်ငန်းတွေကနေ အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော် ဝင်ငွေရခဲ့ပါတယ်။ဒါပေမဲ့ အာဏာသိမ်းပြီးတဲ့နောက်မှာတော့ ရာခိုင်နှုန်း အတော် ကျသွားတယ်လို့ ILO ကပြောပါတယ်။ မြန်မာနိုင်ငံစက်မှုဇုံတွေမှာ လာရောက်ရင်းနှီးမြှုပ်နှံနေကြတဲ့ အထည်ချုပ်လုပ်ငန်းတချို့လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း လုပ်ငန်းတွေရပ်ဆိုင်းပြီး ထွက်သွားကြပါတယ်။ အာဏာသိမ်းပြီးတဲ့နောက် ပိတ်သိမ်းသွားတဲ့ စက်ရုံတွေဟာ ၃၀၀ ကျော်ရှိနိုင်တယ်လို့ လုပ်ငန်းရှင်တချို့က ခန့်မှန်းထားကြပါတယ်။

============

[[Unicode]]






သှေးစညျးညီညှတျသော သမဂ်ဂမြားအဖှဲ့ခြုပျက ဒေါျမြိုးအေးက စကျမှုဇုံတှရေဲ့ လကျရှိအခွအေနကေို အခုလိုပွောပွပါတယျ။







#MyanmarMilitaryCoup #MyanmarLabor #WorkerRights #VOABurmese


============