မြန်မာကျပ်ငွေ တည်ငြိမ်ဖို့ ဗဟိုဘဏ် ကြိုးပမ်းနေဆဲ

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုတွေဖြစ်ခဲ့ပြီး အမေရိကန် တဒေါ်လာကို ကျပ်ငွေတန်ဖိုး ၁၅၃၀ ကျော်အထိ ထိုးကျခဲ့ရာကနေ ဒီကနေ့မှာတော့ ၁၄၇၀ကျပ်အထိ ဈေးပြန်တက်သွားပါတယ်။ မြန်မာနိုင်ငံ ဗဟိုဘဏ်က ပုဂ္ဂလိဘဏ်တွေကို ဒေါ်လာတွေ ထုတ်ရောင်းတာ၊ ချေးတာတွေ လုပ်ခဲ့ပြီး ကျပ်ငွေ ဈေးတည်ငြိမ်အောင် ကြိုးစားနေပါတယ်။ လေ့လာသုံးသပ်သူတွေကတော့ မြန်မာငွေလဲနှုန်း အခြေအနေကို ရက်အနည်းငယ်ကြာတဲ့အထိ စောင့်ကြည့်ဖို့လိုမယ်လို့ သုံးသပ်ကြပါတယ်။ အပြည့်အစုံကိုတော့ ကိုကောင်းစံဟိန်းကပြောပြပေးမှာပါ။

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းကစပီး အမေရိကန်ဒေါ်လာဈေး ဆက်တိုက်မြင့်တက်လာရာမှာ ၁ဒေါ်လာကို မြန်မာကျပ်ငွေ ၁၅၆၀ ကျော်အထိ အမြင့်ဆုံး ရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံ ဗဟိုဘဏ်က ကျပ်ငွေတန်ဖို့းကျတာအောင် ပြန်ထိန်းဖို့ ြကြိုးစားတဲ့အနေနဲ့ ပြီးခဲ့တဲ့ သတင်းပတ်အထိ တစ်ရက်ကို ဒေါ်လာတစ်သိန်း ထုတ်ရောင်းရာကနေ အခုဆို နေ့စဉ် သန်းနဲ့ချီပီး ထုတ်ရောင်းနေပါတယ်။

တချိန်တည်းမှာ ပုဂ္ဂလိကဘဏ်တွေကို ဒေါ်လာငွေတွေ ထုတ်ချေးဖို့လည်း စီစဉ်နေပါတယ်။ ဒီနေ့မှာတော့ အမေရိကန်ဒေါ်လာ ၁ဒေါ်လာကို မြန်မာကျပ်ငွေ ၁၄၇၀ကျပ်အထိ ပြန်ကျသွားပါတယ်။ စီးပွးရေးပညာရှင် ဦးမင်းခင်ကတော့ အခြေအနေက တိတိကျကျ ပြောလို့ မရသေးဘူးလို့ ရှင်းပါတယ်။

"စောင့်ကြည့်ဖို့တော့ လိုမယ်ဗျ၊ ပြည်တွင်းမှာ ဗဟိုဘဏ်တို့၊စီးပွားကူးသန်းတို့က သူတို့လုပ်သင့်တာ လုပ်စရာရှိတာတွေကို လုပ်နေတာဆိုတော့ ပြန်တည်ငြိမ်ဖို့ အလားအလာတော့ ရှိတာပေါ့၊ အဓိကတော့ တည်ငြိမ်သွားဖို့ပါဘဲ။"

စီးပွားရေးပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ) ကတော့ မြန်မာကျပ်ငွေ တန်ဖိုးတက်လာဖို့ ဆိုရင် ဗဟိုဘဏ်ရက် အရေးယူ လုပ်ဆောင်ချက်တွေက အဓိက ကျတယ်လို့ မြင်ပါတယ်။

" ဖြစ်စေ့ချင်တာ ပြောရရင်တော့ ထိန်းနိုင်စေ့ချင်တာပေါ့နော်။အခုလိုမျိုးဘဲ ဒေါ်လာဈေးက်ု ထပ်ကျစေ့ချင်တယ်။အခုရက်ပိုင်းမှာ ဒေါ်လာက နည်းနည်းလေးပြန်ပီးတော့ အားနည်းလာတာလည်း တွေ့ရတယ်။အလားအလာက ပြောရခက်တယ်။ဗဟိုဘဏ်ရဲ့ လုပ်ဆောင်ချက်တွေက ဘယ်လောက် ထိရောက်သလဲဆိုတာ စောင့်ကြည့်ရမယ်။"

မြန်မာနိုင်ငံ ကျပ်ငွေတန်ဘိုး ကျဆင်းမှုကို ဗဟိုဘဏ် တခုတည်းက ကိုင်တွယ်နိုင်ပါ့မလားဆိုပြီး မေးခွန်းထုတ်မှုတွေလည်း ရှိနေပါတယ်။

နိုင်ငံခြားငွေရောင်းဝယ်တဲ့အခါ ဗဟိုဘဏ်နှုန်းထားရဲ့ ဝ.၈ ရာခိုင်နှုန်းအထိသာ အလျှော့အတင်းဈေးကစားခွင့် ပြုထားတဲ့ ကန့်သတ်မှတ်ချက်ကို ပြီးခဲ့တဲ့ အပတ်ကပဲ။ ဗဟိုဘဏ်က ပယ်ဖျက်ခဲ့ပါတယ်။ အခု မြန်မာကျပ်ငွေ လဲနုံး ပြန်တက်လာတယ်ဆိုပေမဲ့လည်း ဒေါ်လာဈေးရဲ့ ရိုက်ခတ်မှုအဖြစ် တခြားအခြေခံ စားကုန်တွေ ဈေးတက်လာနိုင်တာကြောင့် စီးပွားရေးသမားတွေအပြင် ပြည်သူတွေ အားလုံး ထိခိုက်နစ်နာမှ စိုးရိမ်နေတာတွေကတော့ ပျောက်မသွားသေးပါဘူး။

Your browser doesn’t support HTML5

မြန်မာကျပ်ငွေ တည်ငြိမ်ဖို့ ဗဟိုဘဏ် ကြိုးပမ်းနေဆဲ