တိုက်ပွဲတွေနဲ့ ငွေကြေးပြဿနာတွေကြောင့် မြန်မာနိုင်ငံမှာ သွင်းကုန်တွေရှားပါး

ယခင်မှတ်တမ်းရုပ်ပုံ | ရန်ကုန်မြို့ရှိ စူပါမားကတ်တခုမှာ ဈေးဝယ်နေကြသူများ (စက်တင်ဘာ ၇၊ ၂၀၂၁)

မြန်မာနိုင်ငံမှာ တိုက်ပွဲတွေကြောင့် နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းလုနီးပါးဖြစ်နေသလို နိုင်ငံခြားငွေနဲ့ လဲလှယ်ရာမှာ မြန်မာကျပ်ငွေတန်ဖိုး စံချိန်တင် ကျဆင်းလာတဲ့အတွက် သွင်းကုန်တွေဈေးကြီးပြီး ပစ္စည်းပြတ်လပ်တာမျိုးတွေ ရှိနေတယ်လို့ အသေးစား၊ အလတ်စား လုပ်ငန်းရှင်တချို့က ပြောပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ဘဏ္ဍာရေးအကျပ်အတည်းကြောင့် စီးပွားရေးမှာ ရိုက်ခတ်လာတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ တိုက်ပွဲတွေကြောင့် နယ်စပ်ကုန်သွယ်ရေးရပ်ဆိုင်းလုနီးပါးဖြစ်နေ သလို နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ မြန်မာကျပ်ငွေတန်ဖိုး စံချိန်တင် ကျဆင်းလာတဲ့အတွက် သွင်းကုန်တွေစျေးကြီးပြီး ပစ္စည်းပြတ်လပ်တာမျိုးတွေ ရှိနေတယ်လို့ အသေးစား၊ အလတ်စား လုပ်ငန်းရှင်တချို့က ပြောပါတယ်။

ပြည်တွင်းမှာ အသုံးများတဲ့ ထိုင်း၊ တရုတ်နဲ့ စင်္ကာပူ နိုင်ငံတွေရဲ့ ငွေကြေးတန်ဖိုးက ဩဂုတ်လအစပိုင်းမှာ စံချိန်တင်တက်လာပြီး အမေရိကန်ဒေါ်လာကလည်း တဒေါ်လာကို မြန်မာငွေ ၅,၄၀၀ကျပ် ဝန်းကျင်ကို ရောက်ရှိလာပါတယ်။

အခြားကြည့်ရှုစရာ ပဋိပက္ခကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူတွေရဲ့ အကျပ်အတည်း

City Mart, Ocean, 1-Stop လက်လီစတိုးဆိုင်တွေမှာ နိုင်ငံခြားသွင်းကုန်တွေ လျော့နည်းလာကြောင်း စျေးဝယ်သူတချို့က ပြောပါတယ်။ ရာသီဥတုနဲ့ စစ်ပွဲတွေကြောင့် ထိုင်း-မြန်မာ ကုန်စည်ပို့ဆောင်ရေးလမ်းက ပြတ်တောက်သွားတာ၊ ထိုင်းဘတ်ငွေ တောက်လျှောက် တက်နေတာကြောင့် တချို့ဆေးတွေဆိုရင် ကုမ္ပဏီတွေက ခွဲတမ်းနဲ့ မျှပြီးယူနေရကြောင်း မွန်ပြည်နယ်က လုပ်ငန်းရှင်တဦးက ပြောပါတယ်။

တရုတ်ငွေက တယွမ်ကို ၇၄၀ကျပ်၊ မလေးရှား တရင်းဂစ်ကို ၁,၂၀၀ကျပ်၊ ယူရိုငွေက ၅,၈၀၀ကျပ်၊ စင်္ကာပူဒေါ်လာက ၃,၉၀၀ ဝန်းကျင်ရှိနေပြီး ကုန်သွယ်ရေးမှာ အသုံးများတဲ့ ထိုင်းငွေကလည်း တဘတ်ကို ၁၅၀ ကျပ်အထိ တက်လာတာ ဖြစ်ပါတယ်။ မြန်မာဗဟိုဘဏ်ကတော့ စက်သုံးဆီ၊ စားသုံးဆီနဲ့ ဆေးဝါးတင်သွင်းတဲ့သူတွေအတွက် အမေရိကန်ဒေါ်လာ ၅သန်း၊ တရုတ်ယွမ်ငွေ ၅သန်းကို ဒီရက်ပိုင်းထဲမှာ ထုတ်ရောင်းပေးမယ်လို့ သောကြာနေ့က ထုတ်ပြန်ထားပါတယ်။

Your browser doesn’t support HTML5

တိုက်ပွဲတွေနဲ့ ငွေကြေးပြဿနာတွေကြောင့် မြန်မာနိုင်ငံမှာ သွင်းကုန်တွေရှားပါး