Drone မှုနဲ့ ဖမ်းဆီးခံသတင်းထောက်များ ပြန်လည်လွတ်မြောက်မည်

ဒရုန်းလွှတ်တင်ဖို့ကြိုးစားမှုနဲ့ ထောင်ချခံထားရတဲ့ နိုင်ငံခြား သတင်းထောက်တွေ မြန်မာသတင်းထောက်နဲ့ယာဉ်မောင်း။

နေပြည်တော် လွှတ်တော်အဆောက်အဦးကို အဝေးထိန်းဒရုန်းယာဉ် လွှတ်တင် ပုံရိုက်ကူးဖို့ ကြိုးစားခဲ့မှုနဲ့ လတ်တလော ထောင် ၂ လ ချခံထားရတဲ့ အလွတ်တန်း သတင်းထောက် ကိုအောင်နိုင်စိုးအပါအဝင် နိုင်ငံခြားသတင်းထောက်နှစ်ဦးနဲ့ ယာဉ်မောင်းတို့ကို သွင်းကုန်ထုတ်ကုန် ဥပဒေနဲ့တရားစွဲဆိုထားမှု ၊ နိုင်ငံခြား သတင်းထောက်နှစ်ဦးကို လဝက ဥပဒေနဲ့အရေးယူထားတဲ့ ပုဒ်မတွေ ကို တရားရုံးက ရုတ်သိမ်းပေးလိုက်ပါတယ်။ အမှုရုတ်သိမ်းပြီးနောက်မှာတော့ အထက်က ညွန်ကြားတဲ့ အတွက် ဒီဇင်ဘာ ၂၉ ရက်နေ့ မနက်ပိုင်းမှာ ပြန်လည် လွတ်မြောက်လာမယ်လို့ အကျိုးဆောင်ရှေ့နေက ပြောပါတယ်။ ဒီအကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

နေပြည်တော်ကောင်စီနယ်မြေထဲက လွှတ်တော်အဆောက်အဦးကို အဝေးထိန်း ဒရုန်းယာဉ်နဲ့ ပုံရိုက်ကူးဖို့ ကြိုးစားခဲ့တာကြောင့် ထောင်ဒဏ် ၂ လကျနေတဲ့ သတင်းထောက်တွေ အပေါ် နောက်ထပ် စွဲထားတဲ့ ၂ မှုကို တရားရုံးက ရုတ်သိမ်းပေးလိုက်ပါတယ်။

အလွတ်တန်းသတင်းထောက် ကိုအောင်နိုင်စိုးအပါအဝင် တူရကီအခြေစိုက် TRT သတင်းဌာရဲ့ နိုင်ငံခြားသတင်းထောက် နှစ်ဦးနဲ့ ယာဉ်မောင်းတို့အပေါ် သွင်းကုန် ထုတ်ကုန် ဥပဒေပုဒ်မ ၊ နိုင်ငံခြားသတင်းထောက် ၂ ယောက်ကို လဝက ဥပဒေ ပုဒ်မတွေနဲ့ တရားစွဲဆိုထားတာကို ရုပ်သိမ်းခွင့်ပြုဖို့ တရားလိုတွေဘက်က ဒီဇင်ဘာ ၂၆ ရက်နေ့က လျှောက်တင်ခဲ့တာဖြစ်ပါတယ်။

သူတို့ဟာ နိုင်ငံတော်ရဲ့ လုံခြုံရေးကိုထိခိုက်စေမယ့် ရည်ရွယ်ချက်မရှိဘဲ နိုင်ငံခြား သတင်းထောက်တွေအနေနဲ့ နှစ်နိုင်ငံ ချစ်ကြည်ရေးကို ရေးရှုပြီး အမှုကို ရုပ်သိမ်းဖို့ တရားစွဲထားတဲ့ ရဲတပ်ဖွဲ့နဲ့ လဝကတို့ဖက်က တရားရုံးကို လေ ျှာက်ထားခဲ့တာပါ။

နေပြည်တော် ဇဗ္ဗူသီရိတရားရုံးက တရားလိုတွေရဲ့ လေ ျှာက်ထားချက်ကို လက်ခံပြီး ဒီကနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ အမှုတွေကို ရုတ်သိမ်းဖို့ အမိန့်ချမှတ်လိုက်တာပါ။ အခုလိုအမှုကိုရုတ်သိမ်းပြီးနောက်မှာတော့ လေကြောင်းပျံသန်းမှုဆိုင်ရာ အက်ဥပဒေနဲ့ ထောင်ဒဏ် ၂ လ ကျခံနေရတဲ့ ကျန်ရှိတဲ့ရက်အားလုံးကို အထက်ညွန်ကြားမှုနဲ့ လျော့ရက်အဖြစ် သတ်မှတ်လိုက်ပါတယ်။

အခုလိုအမှုရုတ်သိမ်းပြိး လျော့ရက်ပေးတာနဲ့ပတ်သက်လို့ မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်းက အကျိုးဆောင် ရှေ့နေကြီး ဦးခင်မောင်ဇော်က VOA ကို အခုလိုရှင်းပြပါတယ်။

" သူတို့ကို ရုံးကနေပြီးတော့မှ အမိန့်ချပြီးတော့ ပြန်လွှတ်လိုက်ပြီးတဲ့နောက်ကျတော့မှ ရမည်းသင်းကိုပို့ပြီးတော့ ဟိုရောက်တဲ့အခါကျမှ ရမည်းသင်းထောင်ပိုင်ကြီးက သူတို့ကိုပြောတယ်တဲ့ တရားခံလေးဦးကို အထက်ကနေပြီးတော့ ဒရုန်းလွှတ်တင်တဲ့ လေကြောင်းအက်ဥပဒေအရ အပြစ်ကျခံနေတဲ့ နှစ်လ နဲ့ပတ်သက်ပြီးတော့ အကုန်လုံးကို ရုပ်သိမ်းလိုက်ပါပြီတဲ့ ကျန်တဲ့ရက်တွေ အကုန်လုံးကို လျှော့ရက်အဖြစ် သတ်မှတ်ပေးပြီးတဲ့ အခါကျတော့ ဒါထောင်ပိုင်ကြီးရဲ့ လုပ်ပိုင်ခွင့်ကိုး။ အဲ့တာ ထောင်ပိုင်ကြီးကို အဲ့လိုညွှန်ကြားတယ်တဲ့။ မနက်ဖြန် မနက် ၇နာရီမှာ လွှတ်ပါလို့ ညွှန်ကြားတယ်တဲ့"

လေကြောင်းပျံသန်းမှုဆိုင်ရာ ဥပဒေနဲ့ နိုဝင်ဘာ ၁၀ ရက်က ထောင်ဒဏ် ၂ လကျနေတဲ့ သတင်းထောက်တွေဟာ ပြစ်ဒဏ်ကျခံရပြီး ပြန်လည်လွတ်မြောက်ဖို့ ၁၁ ရက်သာ လိုတော့တဲ့ အချိန်မှာ အခုလို အထက်ရဲ့ညွှန်ကြားချက်နဲ့ လျော့ရက်ရရှိခဲ့တာဖြစ်ပါတယ်။ အမှုကိုရုတ်သိမ်းလိုက်ပေမယ့် သက်သေခံအဖြစ် သိမ်းဆည်းထားတဲ့ ပစ္စည်းတွေကို နိုင်ငံပိုင်အဖြစ်သိမ်းဆည်းဖို့ တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။

သိမ်းဆည်းထားတဲ့ပစ္စည်းတွေ ပြန်လည်ရရှိဖို့ ခရိုင်တရားရုံးကိုလျှောက်တင်သွားဖို့ ရှေ့နေတွေ ကြိုးစားနေပါတယ်။ တရားရင်ဆိုင်နေရတဲ့ ပုဒ်မ ၂ ခုကို ရုတ်သိမ်းပြီး ထောင်ဒဏ်ကိုလည်း လေ ျှာ့ရက်ပေးလိုက်တဲ့အတွက် မိသားစုဝင်တွေက ဝမ်းသာနေကြပါတယ်။ ကိုအောင်နိုင်စိုးရဲ့ ဖခင်ဖြစ်သူ ဦးအောင်ကျော်စိုးက အခုလိုပြောပါတယ်။

" ဘာမှပြောစရာမရှိပါဘူးလို့ အရမ်းကျေးဇူးတင်ပါတယ်လို့ သူတို့နှစ်လပြည့်သွားချိန် လွှတ်ပေးလိုက်တယ် အာဏာပိုင်တွေကိုလည်း ကျေးဇူးတင်ပါတယ် သူတို့မှာ ဘာအပြစ်မှ မရှိတာကို သိရတဲ့အတွက် ကျေနပ်ပါတယ်လို့ ကျန်တဲ့ ၂မှုကို ပြန်ပြီးရုပ်သိမ်းပေးလိုက်တဲ့အတွက် ကျေးဇူးတင်ပါတယ် ဦးတို့ကတော့ ဒီလိုလေနဂိုကတည်းက သူတက အပြစ်မရှိပါဘူး စကားပြန်သပ်သပ်လေ စကားပြန်သပ်သပ်ကို အဆင်ပြေအောင် လုပ်ပေးလိုက်တဲ့အပေါ်မှာ ဥပဒေနဲ့အညီ ဆောင်ရွက်ပေးတယ်ပေါ့ဗျာ။အာဏာပိုင်တွေကိုလည်း ကျေးဇူးတင်ပါတယ် "

တူရကီအခြေစိုက် စင်ကာပူရုံးခွဲ TRT သတင်းဌာနက မလေးရှားနိုင်ငံသူ သတင်းထောက်၊ စင်ကာပူနိုင်ငံသားသတင်းထောက်အပြင် ဘာသာပြန်အဖြစ်လိုက်ပါသွားတဲ့ ကိုအောင်နိုင်စိုးနဲ့ ယာဉ်မောင်းတို့က အောက်တိုဘာ ၂၇ ရက်မနက်ပိုင်းက နေပြည်လွှတ်တော် အဆောက်အအုံအနီးမှာ ဒရုန်းလွှတ်တင်နေတဲ့အချိန် ဖမ်းဆီးခံ ခဲ့ရတာဖြစ်ပါတယ်ခင်ဗျာ။

Your browser doesn’t support HTML5

Drone မှုနဲ့ ဖမ်းဆီးခံသတင်းထောက်များ ပြန်လည်လွတ်မြောက်မည်