မြန်မာနိုင်ငံတွင်း ရပ်ကျေးအဆင့် အုပ်ချုပ်ရေးပိုင်းမှာ ရွေးကောက်ပွဲတွေ ပြု လုပ်ပေးပြီး အုပ်ချုပ်မှု အဆင့်ဆင့်ကို ရွေးချယ်ခဲ့တယ် ဆိုပေမဲ့ ရပ်ကျေး အဆင့် ပြုပြင်ပြောင်းလဲရေး ကိစ္စတွေမှာ အားရကျေနပ်လောက်စရာ မတွေ့ရသေးဘူးလို့ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာဖော်ပြပါတယ်။ ရပ်ကျေးအဆင့်အုပ်ချုပ်ရေး သို့မဟုတ် အခြေခံအစိုးရများရဲ့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အစီရင်ခံစာဆိုပြီး ၈၈ ပွင့်လင်း လူ့အဖွဲ့အစည်းရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာ အောက်ခြေအဆင့် ဒီမိုကရေစီနည်းကျ ပြုပြင်ပြောင်းလဲမှုတွေ အားနည်းနေ တယ်ဆိုပြီး ထောက်ပြခဲ့တာပါ။ ၈၈ အဖွဲ့ရဲ့ ဒီနေ့လုပ်တဲ့သတင်းစာရှင်းလင်းပွဲကို သွားရောက် သတင်းယူခဲ့တဲ့ ရန်ကုန်ရုံးခွဲက ကိုသားညွန့်ဦးကနေ ဒီအကြောင်း သတင်းပေးပို့ထားပါတယ်။
သမ္မတဦးသိန်းစိန်အစိုးရလက်ထက် အောက်ခြေအဆင့် အုပ်ချုပ်ရေး မှာ ဖြစ်ပျက်နေ တာတွေကို တနှစ်ကြာ အချိန်ယူ ကောက်ခံ စုဆောင်းပြီး ဒီအစီရင်ခံစာကို ထုတ်ပြန်ခြင်းဖြစ်တယ်လို့ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်း က ပြောပါတယ်။ လုပ်ခဲ့တဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှုး ရွေးကောက်ပွဲတွေမှာ လူထုက အမှန်တကယ်ရွေးချယ် တင်မြှောက်နိုင်မှုဟာ တနိုင်ငံလုံး အတိုင်းအတာရဲ့ ၃၈ ရာခိုင်နှုန်းပဲ ရှိတဲ့အကြောင်း အဲဒီအစီရင်ခံစာ မှာဖော်ပြပါတယ်။ တချိန်တည်းမှာ အခုလို ရွေးချယ်ခံရတဲ့ အုပ်ချုပ်ရေးမှုးတွေ ဟာလည်း အစိုးရက ခန့်ထားတဲ့ အုပ်ချုပ်ရေးပိုင်းရဲ့ လွှမ်းမိုးမှုကို ခံနေရဆဲဖြစ်တယ်လို့ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီက ဗွီအိုအေကို ပြောပါတယ်။
"ရပ်ကျေး အုပ်ချုပ်ရေးမှာ ဘာပဲဖြစ်ဖြစ် ရွေးကောက်ပွဲဖြစ် လာပြီဆိုတဲ့ အခါကျတော့ ဒီမိုကရေစီ ပုံစံလေးပြောင်းလာပြီလို့ယူဆစရာရှိတယ်။ သို့သော်ငြားလည်း ကျနော်တို့ အရင် ဒီ နဝတ နအဖ ခေတ်မှာလိုပဲ ရပ်ကျေး အုပ်ချုပ်ရေးမှုးတွေဟာ သူတို့ Mind Set တွေ မပြောင်းနိုင်သေးတာ နောက် တစ်ချက်က သူတို့ Appointed Body လို့ခေါ်တဲ့ ခန့်အပ်ခံထားတဲ့ ဝန်ထမ်းတွေကနေ ဩဇာ လွှမ်းမိုးနေတာ ပြည်ထဲရေး ဝန်ကြီးဌာနက ထွေအုပ် ဝန်ထမ်းတွေက မြို့နယ်အဆင့် ခရိုင်အဆင့်ရှိတဲ့ ထွေအုပ်ဝန်ထမ်းတွေက ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေကို ပြန်ပြီးတော့ အမိန့်ပေးတာ စေခိုင်း တာ ပြန်လုပ်နေတဲ့ အခါကျတော့ ဘာထူးတော့မလဲ"
ရွေးခြယ်ခံရတဲ့ အုပ်ချုပ်ရေးမှုးတွေရဲ့ အရည်အသွေးအပိုင်း အရပြောရင်လည်း နိုင်ငံလုံးအဆင့် ပြုလုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေးတွေမှာ လိုက်နာ အကောင်အထည်ဖော်နိုင်လောက်အောင် ပြည့်ဝမှုမရှိဘူးလို့ ၈၈ အဖွဲ့က ထောက်ပြပါတယ်။ ရပ်ကျေးအုပ်ချုပ်ရေးအဆင့်ဟာ တိုင်းပြည်လူထုရဲ့ အကျိုးစီးပွားကို အနီးကပ်စီမံခန့်ခွဲရတဲ့ အခြေခံအစိုးရတွေဖြစ်တာကြောင့် လူထုကို အမှန်တကယ်ကိုယ်စားပြုဖို့လိုသလို၊ အရည်အသွေးပြည့်မှီဖို့လည်း လိုအပ်တယ်လို့ ဆိုပါတယ်။
ရပ်ကျေးအုပ်ချုပ်ရေးမှုး ရွေးကောက်ပွဲတွေကို လူထုအများက စိတ်ဝင်စားမှု အားနည်းတာကြောင့်လည်း အပေါ်အဆင့်ဆင့်က ချပေးလိုက် သူတွေပဲ ရွေးချယ်ခံရတာမျိုးဖြစ်နေတယ်လို့ ထောက်ပြပါတယ်။ ပြုပြင်ပြောင်းလဲရေး ပုံစံနဲ့ အတူ လက်ရှိဖွဲ့စည်းပုံပါ အချက်အလက် အားနည်းမှုကြောင့် လည်းဖြစ်တယ်လို့ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုကိုကြီးက ဝေဖန်ပါတယ်။ တကယ်တော့ အပေါ်အဆင့် ပြုပြင်ပြောင်းလဲမှုတွေ နဲ့ အတူ အောက်ခြေ အစိုးရတွေ ပြောင်းလဲမှုရှိမှသာ တနိုင်ငံလုံး အတိုင်းအတာဆောင်တဲ့ ပြောင်းလဲမှုတွေဖြစ်လာနိုင်မယ်လို့ သူက ပြောပါတယ်။
"ဘာပဲပြောပြော ရွေးကောက်ပွဲတွေ မရှိတာထက်စာရင် ဒါတွေ အောက်ခြေအဆင့် ကစပြီးတော့ ရွေးကောက်ပွဲတွေပေါ် လာတာကို အောက်ခြေထု ဒီမိုကရေစီ အဖြစ်နဲ့ကျနော်တို့က ထိထိရောက်ရောက် ကျင့်သုံးနိုင်ဖို့ အကောင်အထည်ပေါ်လာဖို့ စကြိုးစားနေပါတယ်။ တကယ်က ဟိုးပြည်ထောင်စုအဆင့်မှာလည်းပဲ လိုအပ်တဲ့ အုပ်ချုပ်ရေး အာဏာနဲ့ပါတ်သက်တဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ဥပဒေပြဌာန်းနိုင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အဟန့်အတားဖြစ်နေတဲ့ အချက်တွေ ပြင်ဖို့ကိစ္စကို ဆက်ကြိုးစားရမယ်။ အဲဒီတော့ အောက်ခြေက ကြိုးစားလာတဲ့ Democratization ပေါ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှုနဲ့ အပေါ်ကနေပြီးတော့ အုပ်ချုပ်ရေးကဏ္ဍကိုပါ ဒီမိုကရေစီ နည်းကျ ပြုပြင်ပြောင်းလဲဖို့လိုတယ်။ အပေါ်က ဖွဲ့စည်းပုံ အဆင့် နိုင်ငံတော်အဆင့် ပြည်ထောင်စုအဆင့် ကြိုးစားနေတာနဲ့ တပြိုင်နက်တည်းမှာ အောက်ကလည်းပဲ အောက်ခြေထု ဒီမိုကရေစီကျင့်သုံးတာနဲ့ တစ်နေရာမှာ Timing တခုပေါ့ အဲဒီ ကာလတစ်ခုမှာ ပေါင်းစပ်နိုင်ဖို့အတွက်ကျနော်တို့ ရည်ရွယ်နေပါတယ်"
မြန်မာနိုင်ငံမှာ နှစ်ပေါင်းအတော်ကြာ အောက်ခြေလူထုကြားမှာ အုပ်ချုပ်မှုပိုင်းနဲ့ပတ်သက်လို့ ယုံကြည်မှုမဲ့နေ တာတွေကို ပြင်ဖို့ ဆိုရင်တော့၊ အောက်ခြေအစိုးရအဆင့်တွေမှာ ပိုပြီး အရေးကြီးတယ်လို့ ကိုဂျင်မီက အခုလို ထောက်ပြပါတယ်။
"အောက်ခြေအဆင့်မှာကအစ ရဝတလို ဥက္ကဋ္ဌလိုအဆင့်မျိုးကအစ ပစ်ပစ်ခါခါ စိမ်းစိမ်းကားကား ဆက်ဆံခဲ့တာ။ အဲဒီတော့ သူတို့အပေါ်မှာ နွေးထွေးတဲ့ အုပ်ချုပ်ရေးကို ပေးနိုင်မယ်ဆိုလို့ရှိရင် အဲဒီဟာက သူတို့ စိတ်အနာ သက်သာမယ်။ စိတ်ဒဏ်ရာ သက်သာမယ်။ သူတို့ရဲ့ စိတ်ချမ်းသာမှုကို အရင်ဆုံးပေးရမယ် ဆိုတာကို ကျနော်တို့ ထောက်ပြထားတယ်။ အစိုးရနဲ့ပြည်သူကြားမှာ နိုင်ငံရေးအရ စိတ်ချယုံကြည်မှု မရှိဘူးဆိုရင် ဘာမှ မတိုးတက်လာဘူး။ ဘာမှ မဖြစ်ထွန်းလာဘူး။ အဲဒီတော့ Confidence of Politics ကို တည်ဆောက်ဖို့အတွက်ကို ကျနော်တို့ဦးစားပေး ပြောထားတာ"
၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ထုတ်ပြန်တဲ့ ဒီအစီရင်ခံစာကိုကြည့်တော့ ဝေဖန်တာတွေထက် အပြုသဘော ထောက်ပြ ထားတာတွေ ပိုများတာတွေ့ရပါတယ်။ ရပ်ကျေး အုပ်ချုပ်မှု သို့မဟုတ် အခြေခံ အစိုးရအဆင့်တွေဟ တိုင်းပြည်တပြည်အတွက် အထူးသဖြင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေအတွက် အရေးကြီးတယ် ဆိုတာ ထောက်ပြပြီး၊ ရပ်ကျေး အုပ်ချုပ်ရေးမှုး ရွေးကောက်ပွဲတွေနဲ့ ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် ပညာပေးဆောင်ရွက်ရမယ်ဆိုတာတွေကို အကြံပြုထားပါတယ်။ ဒါ့အပြင် အခုလို အခြေခံအဆင့် အစိုးရများရဲ့ ပြုပြင်ပြောင်းလဲရေး ကို ပြည်ထောင်စုအစိုးရ လွှတ်တော် နိုင်ငံရေးပါတီများနဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်သွားသင့်တယ်ဆိုပြီးတော့ အကြံပြုထားတာတွေ့ရပါတယ်။