တောင်ကိုရီးယားနဲ့ဆက်ဆံရေးအားကောင်းဖို့ ကန်အစိုးရသစ် ဆောင်ရွက်မည်

အမေရိကန်ကာကွယ်ရေးဝန်ကြီး James Mattis နဲ့ တောင်ကိုရီးယား ယာယီသမ္မတ၊ ဝန်ကြီးချုပ် Hwang Kyo-ahn

တောင်ကိုရီးယားနိုင်ငံမှာ ရောက်နေတဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး James Mattis က သူ့အဆိုအားဖြင့် မြောက်ကိုရီး ယားရဲ့ ရန်လိုမှုတွေကို တောင်ကိုရီးယား ရင်ဆိုင်နေရချိန်မှာ နှစ်နိုင်ငံဆက်ဆံရေးကို အားကောင်းအောင်လုပ်ဖို့ သမ္မတ Trump အစိုးရအနေနဲ့ သန္နိဋ္ဌာန်ချထားတယ်လို့ ဒီကနေ့ပြောပါတယ်။

သင်တို့နိုင်ငံနဲ့ မိမိတို့နိုင်ငံ ရင်ဆိုင်နေရတဲ့ တကယ့်ခြိမ်းခြောက်မှုကို လက်ရှိမှာ ရင်ဆိုင်ရပါမယ်၊ ဒါကို အတူတကွ ရင်ဆိုင်သွား တာနဲ့အမျှ သင်တို့နဲ့ လက်တွဲ ရပ်တည်သွားဖို့ ရည်ရွယ်ထားပါတယ်လို့ ဝန်ကြီး Mattis ကပြောပါတယ်။

ကာကွယ်ရေးဝန်ကြီးအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ်အတွင်း တောင်ကိုရီးယား ယာယီသမ္မတ၊ ဝန်ကြီးချုပ် Hwang Kyo-ahn နဲ့ ဝန်ကြီး Mattis တွေ့ဆုံဆွေးနွေးပါတယ်။

အမေရိကန်-တောင်ကိုရီးယား မဟာမိတ်ကိစ္စနဲ့ မြောက်ကိုရီးယား နျူကလီးယားအရေး တုန့်ပြန်လုပ်ဆောင်ဖို့ကိစ္စတွေအတွက် နောက်ထပ် ဆွေးနွေးတိုင်ပင်သွားဖို့ ရည်ရွယ်ထားတယ်လို့ ကိုရီးယားယာယီသမ္မတ Hwang က ပြောပါတယ်။

သူ့ခရီးစဉ်အတွင်း ဆွေးနွေးမယ့်ကိစ္စတွေထဲမှာ တခုက THAAD ဒုံးကျည်ကာကွယ်ရေးစနစ်ကိစ္စ ဖြစ်တယ်လို့ တောင်ကိုရီးယား အသွားမှာ ဝန်ကြီး Mattis က သတင်းထောက်တွေကိုပြောပါတယ်။ အဲဒီဒုံးကျည်စနစ်ကို ဒီနှစ်အတွင်း အမေရိကန်နဲ့ တောင်ကို ရီးယားတို့က ချထားချင်ပြီး တရုတ်နိုင်ငံကတော့ ကန့်ကွက်ထားပါတယ်။

ကာကွယ်ရေးဝန်ကြီး Mattis ရဲ့အခုခရီးစဉ်အတွင်း ဂျပန်နိုင်ငံကိုလဲ သွားမှာဖြစ်ပါတယ်။