Carlos Ghosn ကို Nissan ကားကုမ္ပဏီမှထုတ်ပယ်

ဂျပန်နိုင်ငံက Nissan ကားကုမ္မဏီ အကြီးအကဲဟောင်း Carlos Ghosn (ဧပြီ၊ ၀၃၊ ၂၀၁၉)

ငွေကြေး မမှန်မကန်လုပ်မှုတွေ တရားစွဲဆိုခံထားရတဲ့ ဂျပန်နိုင်ငံက Nissan ကားကုမ္မဏီ အကြီးအကဲဟောင်း Carlos Ghosn နဲ့ အလုပ်အမှုဆောင် အမေရိကန်လူမျိုး Greg Kelly တို့ကို Nissan ကုမ္မဏီက ထုတ်ပယ်လိုက်ပါတယ်။

Tokyo ဟိုတယ်မှာ အလုပ်အမှုဆောင် အစုရှယ်ယာရှင်တွေ ဒီကနေ့ ၃ နာရီကြာ အထူးအစည်းအဝေးလုပ်ပြီးတဲ့နောက် Ghosn နဲ့ Kelly တို့ကို ကုမ္မဏီက ထုတ်ပယ်ဖို့ Nissan အစုရှယ်ယာဝင်တွေအားလုံး သဘောတူခဲ့တာပါ။ ၂ ယောက်စလုံးကတော့ သူတို့ကို စွပ်စွဲပြောဆိုနေတာတွေနဲ့ ပတ်သက်ပြီး ငြင်းဆိုလိုက်ပါတယ်။

မဲခွဲဆုံးဖြတ်တဲ့ အစည်းအဝေး မစခင်မှာ Nissan အလုပ်အမှုဆောင်ချုပ် Hiroto Saikawa နဲ့ အခြားအလုပ်အမှုဆောင်တွေက ရှယ်ယာဝင်တွေကို ဦးညွတ်အရိုအသေပေးပြီး အလေးအနက် တောင်းပန်ခဲ့ပါတယ်။ ဒ့ါအပြင် အစုရှယ်ယာဝင်တွေက Ghosn နေရာမှာ ပြင်သစ်ကားကုမ္ပဏီ Renault SA ရဲ့ ဥက္ကဋ္ဌကို အစားထိုး ခန့်အပ်ကြောင်းကိုလည်း အတည်ပြုခဲ့ကြပါတယ်။

Renault ကားကုမ္ပဏီဟာ Nissan ရဲ့ အစုရှယ်ယာ ၄၃ ရာခိုင်နှုန်း ကို ပိုင်ဆိုင်ထားတာြ ဖြစ်ပါတယ်။ Ghosn ဟာ ၂၀၁၀ နဲ့ ၂၀၁၅ ခုနှစ်အတွင်း Nissan ကားကုမ္ပဏီက ရတဲ့ သူ့ရဲ့ ဝင်ငွေ ၅၀ ရာခိုင်နှုန်း လောက်ကို လျှော့ပြီးတော့ ပြဖို့ ကြံစည်တယ်လို့ သံသယ ရှိခဲ့ရတာကြောင့် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲမှာပဲ ပထမဆုံးအကြိမ် အဖမ်းခံခဲ့ရတာပါ။

ဒါပေမဲ့ Ghosn က Nissan ကုမ္ပဏီပိုင်ငွေ ၅ သန်းကို ကိုယ်ရေးကိုယ်တာသုံးဖို့အတွက် အိုမန်နိုင်ငံက အရောင်းကိုယ်စားလှယ် တယောက်ထံ လွဲှပြောင်းခဲ့တယ်လို့ဆိုတဲ့ စွပ်စွဲချက်အပေါ် အခြေခံပြီး ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ထပ်မံ ဖမ်းဆီးခဲ့ပါတယ်။ သူ့ကို လောလောဆယ်မှာ ဧပြီလ ၁၄ ရက်နေ့ အထိ ဖမ်းဆီးထားတာဖြစ်ပြီး ထပ်ပြီးတော့ တိုးသွားနိုင်ဖွယ်ရှိပါတယ်။ဘယ်နေ့မှာ သူ့ကို တရားရုံးထုတ် စစ်ဆေးမယ်ဆိုတာတော့ မသတ်မှတ်ရသေးပါဘူး ။

Your browser doesn’t support HTML5

Carlos Ghosn ကို Nissan ကားကုမ္ပဏီမှထုတ်ပယ်