စစ်အာဏာသိမ်းပြီး ၃ နှစ်အကြာ မန္တလေး PDF တပ်ဖွဲ့များ

Your browser doesn’t support HTML5

စစ်အာဏာသိမ်းတာ ၃ နှစ်ပြည့်လာချိန် မြန်မာစစ်တပ်ကိုလက်နက်ကိုင်တိုက်တဲ့ PDF တပ်ဖွဲ့ဝင်တွေအနေနဲ့ တိုက်ခိုက်ရေးအတွေ့အကြုံနဲ့ စွမ်းရည် ပိုမြင့်လာပြီး မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့အတူ လက်တွဲလှုပ်ရှားနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးအဖွဲ့ရဲ့‌ ခေါင်းဆောင်တွေက AFP သတင်းဌာနကို ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းတာ ၃ နှစ်ပြည့်လာတဲ့အချိန် မြန်မာစစ်တပ်ကို လက်နက်ကိုင်တိုက်တဲ့ PDF တပ်ဖွဲ့ဝင်တွေအနေနဲ့ တိုက်ခိုက်ရေး အတွေ့အကြုံနဲ့ စွမ်းရည်တွေ ပိုမြင့်လာပြီး မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့အတူ လက်တွဲလှုပ်ရှားနေတဲ့အကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးအဖွဲ့ရဲ့‌ ခေါင်းဆောင်တွေက AFP သတင်းဌာနကို ပြောပါတယ်။ လက်နက်ကိုင်တိုက်နေတဲ့တချိန်တည်းမှာ စစ်မြေပြင်မှာ လိုက်နာရမယ့် ကျင့်ဝတ်တွေကို တိတိကျကျလိုက်နာဖို့ ကြိုးစားနေတယ်လို့လည်း ပြောပါတယ်။ AFP သတင်းဆောင်းပါးကို အခြေခံပြီး အလိမ္မာက တင်ပြပေးထားပါတယ်။