တောင်အာဖရိကနိုင ်ငံမှာရောက်နေတဲ့ အမေရိကန်သမ္မတ ဘရက်အိုဘားမား ဟာ Johannesburg မြို့က Soweto တက္ကသိုလ်မှာ အာဖရိကတိုက်တဝန်းက လူထု ပရိသတ်တွေရဲ့ အမေးတွေကို ဖြေကြားခဲ့ပါတယ်။ ခန်းမထဲမှာရှိတဲ့ ပရိသတ်တွေအပြင် တခြား အာဖရိကနိုင်ငံတွေက လူငယ်တွေရဲ့ အမေးတွေကိုလည်း ရုပ်မြင်သံကြားပေါ်က တဆင့် ဖြေကြားခဲ့ပါတယ်။
အစောပိုင်းကတော့ တောင်အာဖရိကအစိုးရ ရုံးစိုက်ရာ ပရီတိုးရီးယား (Pretoria) မြို့မှာ တောင်အာဖရိကသမ္မတ ဂျေကော့ဇူးမား (Jacob Zuma) နဲ့ သမ္မတ အိုဘားမားတွေ့ဆုံခဲ့ပါတယ်။ အမေရိကန်အနေနဲ့ အာဖရိကနိုင်ငံတွေနဲ့ အခုထက် ပိုပြီး ကုန်သွယ်မှုလုပ်ချင်တယ်လို့ သမ္မတ နှစ်ယောက်ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
သူအားကျအတုယူတယ်လို့ ပြောတဲ့ တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင်မန်ဒဲလား (Nelson Mandela) ရဲ့ မိသားစုဝင်တွေကိုလည်း သမ္မတက သီးသန့် တွေ့ဆုံသတင်းမေးခဲ့ပါတယ်။ အသားအရောင် တိုက်ဖျက်ရေးအတွက် ဦးဆောင်ကြိုးပမ်းခဲ့သူ မစ္စတာမန်ဒဲလား ဟာ တကမ္ဘာလုံးအတွက် အတုယူစရာ အားကျစရာ ပုဂ္ဂိုလ်ဖြစ်တယ်လို့ သမ္မတအိုဘားမားက ချီုးကျုးပြောကြားခဲ့ပါတယ်။