ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်နဲ့ မောင်တောဒေသတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း အာရက္ခတပ်တော် AA က အပြီးအပိုင် သိမ်းပိုက်လိုက်ပြီဖြစ်တာကြောင့် ဒီဒေသမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာတွေနဲ့ တခြား ဘာသာမတူ လူနည်းစုတွေရဲ့ အခွင့်အရေးတွေကိုကာကွယ်ပေးဖို့ နိုင်ငံတကာမှာ ရှိတဲ့ ရိုဟင်ဂျာအဖွဲ့အစည်းပေါင်း ၂၈ ဖွဲ့က ကြေညာချက်ထုတ် တောင်းဆိုလိုက်ပါတယ်။
အဲဒီဒေသမှာ ရိုဟင်ဂျာ ၅ သိန်းလောက် နေထိုင်နေကြတယ်လို့ ဆိုပါတယ်။
AA ခေါင်းဆောင်ပိုင်းအနေနဲ့ ဒီဒေသမှာ တာဝန်ထမ်းဆောင်နေတဲ့ လက်အောက်င ယ်သားတွေ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မကျူးလွန်စေရေးအတွက်လည်း တိုက်ရိုက် ညွန်ကြားချက် ထုတ်ပြန်ပေးစေလိုကြောင်း ရိုဟင်ဂျာအဖွဲ့တွေက တောင်းဆိုထားပါတယ်။
ရခိုင်ပြည်နယ် ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေအတွက် နိုင်ငံတကာရဲ့ အကူအညီတွေ လိုအပ် နေတဲ့ တချိန်တည်းမှာပဲ AA အနေနဲ့ လူ့အခွင့်အရေး၊ တန်းတူညီမျှမှု၊ တရားဥပဒေစိုးမိုးမှုနဲ့ လွတ်လပ်စွာ ပြောဆိုခွင့်တို့ကို လေးစားလိုက်နာလိမ့်မယ်လို့ မျှော်လင့်ကြောင်း၊ AA က လူ့အခွင့်အရေးတွေကို ဘယ်လောက်အထိ လေးစား လိုက်နာမလဲဆိုတာကိုလည်း နိုင်ငံတကာက စောင့်ကြည့်နေကြောင်း ကြေညာချက်မှာ ဖော်ပြပါတယ်။
ရိုဟင်ဂျာတွေဟာလည်း ရခိုင်ပြည်နယ်အတွင်း တန်းတူ အခွင့်အရေးရှိသူတွေဖြစ်တာနဲ့အညီ သူတို့ကို ရန်ဘက်အဖြစ်မရှုမြင်ဘဲ အနာဂတ် ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးတွေအတွက် လက်တွဲဖော် အဖြစ် သတ်မှတ်စေလိုကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
တောင်းဆိုချက် ၉ ချက်ပါတဲ့ ဒီ ကြေညာချက်မှာ ဘင်္ဂလားဒေ့ရှ်ဘက်ရောက်နေကြတဲ့ ရိုဟင်ဂျာတွေ ဘေးကင်းလုံခြုံစွာနဲ့ သိက္ခာရှိရှိ နေရပ်ပြန်လာနိုင်ရေးဟာလည်း သူတို့အတွက် ဦးစားပေးလုပ်ငန်းစဉ် တခုဖြစ်ကြောင်း ဖော်ပြထားပါတယ်>
Your browser doesn’t support HTML5