(Zawgyi / Unicode)
႐ုရွားအတိုက္အခံေခါင္းေဆာင္ Alexey Navalny အဆိပ္ခတ္ခံရတယ္လို႔ သံသယရွိမႈနဲ႔ ပတ္သက္ၿပီး ႐ုရွားဘက္က အခ်က္အလက္ေတြမေပးရင္ ႐ုရွားအေပၚ ဒဏ္ခတ္ အေရးယူမႈေတြ လုပ္ဖို႔ ျဖစ္လာႏိုင္ေၾကာင္း ဂ်ာမနီ ႏုိင္ငံျခားေရးဝန္ႀကီး Heiko Maas က ေျပာပါတယ္။
ဒီအဆိပ္ခတ္မႈမွာ ႐ုရွားအစိုးရက ေနာက္ကြယ္မွာ ရွိေနတယ္လို႔ ညႊန္းျပေနတဲ့အခ်က္ အမ်ားအျပား ရွိေနတယ္လို႔ ဂ်ာမနီသတင္းစာ Bild am Sonntag သတင္းဌာနကို ဝန္ႀကီး Maas က ေျပာၾကားခဲ့တာပါ။
႐ုရွားအစိုးရအေနနဲ႔ ဒီအဆိပ္ခတ္တိုက္ခိုက္မႈမွာ ပါဝင္ပတ္သက္မႈ မရွိဘူးဆုိရင္ မပတ္သက္ေၾကာင္း အခ်က္လက္ေတြ ခ်ျပဖုိ႔ ေျပာခဲ့တဲ့အျပင္ ဒီရာဇဝတ္မႈကို ႐ုရွားအစိုးရက ေျဖရွင္းေပးမယ္လို႔ အထူးေမွ်ာ္လင့္ထားေၾကာင္းလည္း ေျပာပါတယ္။
Your browser doesn’t support HTML5
႐ုရွားအတိုက္အခံေခါင္းေဆာင္ အဆိပ္ခတ္ခံရမႈ တုံ႔ျပန္ေရး အေနာက္ႏိုင္ငံေတြ ခ်င့္ခ်ိန္
ဂ်ာမနီဟာ အခုအခါမွာ အီးယူ ဥေရာပသမဂၢရဲ႕ အလွည့္က် သဘာပတိ တာဝန္ကို ယူေနရတာပါ။
႐ုရွားႏုိင္ငံက သဘာဝဓာတ္ေငြ႔ေတြ ဥေရာပကိုတင္ပို႔မယ့္ ေဒၚလာ ၁၁ ဘီလီယံတန္ Nord Stream 2 ဓာတ္ေငြ႔ပိုက္လုိင္းကိစၥနဲ႔ ပတ္သက္ၿပီး သေဘာထား ေျပာင္းသြားေအာင္ ႐ုရွားက မလုပ္ဖုိ႔လည္း ဝန္ႀကီး Maas က ေျပာပါတယ္။
႐ုရွားအတုိက္အခံေခါင္းေဆာင္ Navalny ဟာ အာ႐ုံေၾကာကို ထိခိုက္ေစတဲ့ Novichok အဆိပ္မိခဲ့တာျဖစ္ေၾကာင္း ဂ်ာမနီအစိုးရက ဒီသီတင္းပတ္ အေစာပိုင္းမွာ ေျပာၾကားခဲ့တာပါ။ Novichok အဆိပ္ကို လက္လွမ္းမီသူ အနည္းငယ္သာရွိၿပီး ႐ုရွားသူလွ်ဳိ Sergei Skripal ၿဗိတိန္မွာ အလုပ္ႀကံခံရတာဟာ ဒီအဆိပ္မ်ိဳးျဖစ္ေၾကာင္းလည္း ဝန္ႀကီး Maas က ေျပာပါတယ္။
NATO အတြင္းေရးမွဴးခ်ဳပ္ Jens Stoltenberg ကလည္း ဘယ္ဓာတုလက္နက္မ်ိဳးကိုပဲ သံုးသံုး ဒါဟာ လူ႔အသက္ကို လံုးဝ ေလးစားမႈမရွိရာ ေရာက္သလို ဒါဟာ ႏိုင္ငံတကာ လိုက္နာရမယ့္ စံသတ္မွတ္ခ်က္နဲ႔ စည္းမ်ဥ္းဥပေဒကို ခ်ိဳးေဖာက္တဲ့ လက္မခံႏုိင္စရာလုပ္ရပ္ျဖစ္ေၾကာင္း ေသာၾကာေန႔ NATO အေရးေပၚအစည္းေဝးအၿပီးမွာ ေျပာၾကားခဲ့တာပါ။
Your browser doesn’t support HTML5
အဆိပ္ခတ္ခံရတဲ့ Navalny ကိစၥ ပူးေပါင္းေဆာင္ရြက္ဖို႔မရွိရင္ ႐ုရွားအေပၚ ဒဏ္ခတ္ အေရးယူႏိုင္ေျခရွိ - ဂ်ာမနီႏိုင္ငံျခားေရးဝန္ႀကီး
--------------------
(Unicode)
အဆိပ်ခတ်ခံရတဲ့ Navalny ကိစ္စ ပူးပေါင်းဆောင်ရွက်ဖို့မရှိရင် ရုရှားအပေါ် ဒဏ်ခတ် အရေးယူနိုင်ခြေရှိ - ဂျာမနီနိုင်ငံခြားရေးဝန်ကြီး
ရုရှားအတိုက်အခံခေါင်းဆောင် Alexey Navalny အဆိပ်ခတ်ခံရတယ်လို့ သံသယရှိမှုနဲ့ ပတ်သက်ပြီး ရုရှားဘက်က အချက်အလက်တွေမပေးရင် ရုရှားအပေါ် ဒဏ်ခတ် အရေးယူမှုတွေ လုပ်ဖို့ ဖြစ်လာနိုင်ကြောင်း ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး Heiko Maas က ပြောပါတယ်။
Your browser doesn’t support HTML5
႐ုရွားအတိုက္အခံေခါင္းေဆာင္ အဆိပ္မိပုံရၿပီး ေဆး႐ုံတင္ရ
ဒီအဆိပ်ခတ်မှုမှာ ရုရှားအစိုးရက နောက်ကွယ်မှာ ရှိနေတယ်လို့ ညွှန်းပြနေတဲ့အချက် အများအပြား ရှိနေတယ်လို့ ဂျာမနီသတင်းစာ Bild am Sonntag သတင်းဌာနကို ဝန်ကြီး Maas က ပြောကြားခဲ့တာပါ။
ရုရှားအစိုးရအနေနဲ့ ဒီအဆိပ်ခတ်တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်မှု မရှိဘူးဆိုရင် မပတ်သက်ကြောင်း အချက်လက်တွေ ချပြဖို့ ပြောခဲ့တဲ့အပြင် ဒီရာဇဝတ်မှုကို ရုရှားအစိုးရက ဖြေရှင်းပေးမယ်လို့ အထူးမျှော်လင့်ထားကြောင်းလည်း ပြောပါတယ်။
ဂျာမနီဟာ အခုအခါမှာ အီးယူ ဥရောပသမဂ္ဂရဲ့ အလှည့်ကျ သဘာပတိ တာဝန်ကို ယူနေရတာပါ။
ရုရှားနိုင်ငံက သဘာဝဓာတ်ငွေ့တွေ ဥရောပကိုတင်ပို့မယ့် ဒေါ်လာ ၁၁ ဘီလီယံတန် Nord Stream 2 ဓာတ်ငွေ့ပိုက်လိုင်းကိစ္စနဲ့ ပတ်သက်ပြီး သဘောထား ပြောင်းသွားအောင် ရုရှားက မလုပ်ဖို့လည်း ဝန်ကြီး Maas က ပြောပါတယ်။
ရုရှားအတိုက်အခံခေါင်းဆောင် Navalny ဟာ အာရုံကြောကို ထိခိုက်စေတဲ့ Novichok အဆိပ်မိခဲ့တာဖြစ်ကြောင်း ဂျာမနီအစိုးရက ဒီသီတင်းပတ် အစောပိုင်းမှာ ပြောကြားခဲ့တာပါ။ Novichok အဆိပ်ကို လက်လှမ်းမီသူ အနည်းငယ်သာရှိပြီး ရုရှားသူလျှို Sergei Skripal ဗြိတိန်မှာ အလုပ်ကြံခံရတာဟာ ဒီအဆိပ်မျိုးဖြစ်ကြောင်းလည်း ဝန်ကြီး Maas က ပြောပါတယ်။
NATO အတွင်းရေးမှူးချုပ် Jens Stoltenberg ကလည်း ဘယ်ဓာတုလက်နက်မျိုးကိုပဲ သုံးသုံး ဒါဟာ လူ့အသက်ကို လုံးဝ လေးစားမှုမရှိရာ ရောက်သလို ဒါဟာ နိုင်ငံတကာ လိုက်နာရမယ့် စံသတ်မှတ်ချက်နဲ့ စည်းမျဉ်းဥပဒေကို ချိုးဖောက်တဲ့ လက်မခံနိုင်စရာလုပ်ရပ်ဖြစ်ကြောင်း သောကြာနေ့ NATO အရေးပေါ်အစည်းဝေးအပြီးမှာ ပြောကြားခဲ့တာပါ။