လိင်တမူကွဲနဲ့ လူမျိုးကွဲကြားလက်ထပ်မှုကာကွယ်တဲ့ဥပဒေ အမေရိကန်မှာပြဌာန်း 

U.S. President Biden signs "Respect for Marriage Act" at the White House in Washington

[[Zawgyi/Unicode]]

အမေရိကန်ပြည်ထောင်စုမှာ လိင်တမူကွဲဘဝကို နေထိုင်ကြသူများ၊ လူမျိုးကွဲ လက်ထပ်ထိမ်းမြားခွင့်ကိုကာကွယ်တဲ့သမိုင်းဝင်ဥပဒေကို သမ္မတ Joe Biden အင်္ဂါနေ့က လက်မှတ်ရေးထိုးလိုက်ပါတယ်။

“တန်းတူညီမျှရေး လွတ်လပ်ခွင့်နဲ့တရားမျှတမှုအတွက် အရေးကြီးတဲ့ခြေလှမ်းတွေကို အမေရိကန်ပြည်ထောင်စုက ရှေ့ဆက် လုပ်ဆောင်နေပါတယ်။ လူတချို့အတွက်တင်မဟုတ်ဘဲ အားလုံးအတွက် လုပ်ဆောင်နေပါတယ်”လို့ သမ္မတဘိုင်ဒန်ပြောခဲ့ပါတယ်။ လူမှုကျင့်ဝတ်၊ ဂုဏ်သိက္ခာနဲ့ ချစ်ခြင်းတရားကို အသိအမှတ်ပြု ဂုဏ်ပြုကာကွယ်တဲ့ နိုင်ငံတခုအနေနဲ့ အခုလို လုပ်ဆောင်တာလို့လည်း သမ္မတဘိုင်ဒန်ပြောပါတယ်။

အင်္ဂါနေ့က သမ္မတ Joe Bdien အတည်ပြုလိုက်တဲ့ဥပဒေဟာ လက်ထပ်တယ်ဆိုတာ အမျိုးသားနဲ့ အမျိုးသမီးကြားမှာသာဖြစ်တယ်လို့ ၁၉၉၆ ခုနှစ်က ပြဌာန်းထားတဲ့ ဥပဒေသတ်မှတ်ချက်ကို ပြင်ဆင်လိုက်တာ ဖြစ်ပါတယ်။ ဥပဒေပြင်ဆင်ချက်အရ တခြားပြည်နယ်တွေမှာ လိင်တူချင်းလက်ထပ်ခဲ့သူတွေ၊ လူမျိုးကွဲနဲ့လက်ထပ်ခဲ့သူတွေကို ပြည်နယ်အစိုးရတွေအနေနဲ့ အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုလက်ထပ်တာမျိုးကိုတားမြစ်တဲ့ ဥပဒေတွေကို ပြည်နယ်တခုချင်းအလိုက် ပြဌာန်းမယ်ဆိုရင်တော့ တားဆီးလို့ မရပါဘူး။

အမေရိကန်ပြည်ထောင်စုမှာ လိင်တူချင်းလက်ထပ်ခွင့်ကို ၂၀၁၅ ခုနှစ်မှာ အမေရိကန် တရားရုံးချုပ်က အသိအမှတ်ပြုထားပါတယ်။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့ ဇွန်လက ပြည်ထောင်စုအဆင့် အတည်ပြုထားတဲ့ သန္ဓေသားဖျက်ချခွင့်ကို တရားရုံးချုပ်က ပယ်ဖျက်လိုက်တာကြောင့် လိင်တူခြင်းလက်ထပ်ခွင့်နဲ့ တခြားအခွင့်အရေးတွေ ပြန်ပြီး ပိတ်ပင်ခံရမလားဆိုပြီး စိုးရိမ်မှုတွေ ထွက်ပေါ်ခဲ့တာပါ။

၂၀၂၂ မေလ မှာကောက်ယူခဲ့တဲ့ Gallup စစ်တမ်းအရ အမေရိကန်တွေရဲ့ ၇၁% က လိင်တူထိမ်းမြားလက်ထပ်ခွင့်ကို ထောက်ခံကြပြီး ၁၉၉၆ ခုနှစ်မှာ ပထမဆုံးကောက်ယူခဲ့တဲ့ စစ်တမ်းမှာတော့ ၂၇% ကပဲ ထောက်ခံခဲ့ကြောင်း တွေ့ရပါတယ်။

Your browser doesn’t support HTML5

လိင်တမူကွဲနဲ့ လူမျိုးကွဲကြားလက်ထပ်မှုကာကွယ်တဲ့ဥပဒေ အမေရိကန်မှာပြဌာန်း.mp3

=================

[[Unicode]]





