စပိန်ဘောလုံးအသင်း ဥရောပချန်ပီယံဖြစ် 

စပိန်ဘောလုံးအသင်းရဲ့ Alvaro Morata က ၂၀၂၄ ခုနှစ် ယူရိုဖလားပြိုင်ပွဲအတွက် ရရှိတဲ့ ချန်ပီယံဖလားကိုမြှောက်ကိုင်ပြီး အသင်းသားတွေနဲ့အတူ အောင်ပွဲခံနေစဥ်။ (ဇူလိုင် ၁၄၊ ၂၀၂၄)

ယူရို ၂၀၂၄ ဥရောပ ဖလား ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲမှာ စပိန် အသင်းက အင်္ဂလန်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။

ပထမပိုင်းမှာ နှစ်ဘက်လုံး ဂိုးမသွင်းနိုင်ကြဘဲ စပိန်အသင်းက ဒုတိယပိုင်းစပြီး မကြာမီ ၄၇ မိနစ်မှာ လမင်းယမဲလ် ဘယ်တောင်ပံက ဆွဲလာပြီး ပို့ပေးတဲ့ဘောလုံးကို ညာတောင်ပံက ကစားသူ ဝီလီယံက သွင်းယူသွားခဲ့တာပါ။

အင်္ဂလန်အသင်းက ဂိုးပေးရပြီးတဲ့နောက် လူလဲကစားခဲ့ရာမှာ ၇၃ မိနစ်မှာ ပါးလ်မားက ချေပဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဘယ်တောင်ပံက ဆာကားပို့ပေးလိုက်တဲ့ဘောလုံးကို ဝပ်ကင်နဲ့ ဂျုဘာလင်ဂမ်တို့က ဆက်တိုက်ပို့ပေးတာကို ပါးလ်မားက စပိန်ဂိုးသမားရဲ့ ညာဘက်ထောင့်ထဲကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်မှာ အပြန်အလှန် ဂိုးရနိုင်ရေးကစားကြပြီး ၈၆ မိနစ်မှာတော့ စပိန်ဘယ်နောက်ခံလူ ကူကူရဲလားပို့လိုက်တဲ့ဘောလုံးကို Mikel Oyarzabal က ပြေးသွင်းယူသွားခဲ့တာကြောင့် စပိန်က ၂၀၂၄ ဥရောပ ချန်ပီယံ ဖြစ်သွားခဲ့ပါတယ်။ အကောင်းဆုံး ဘောလုံးသမားအဖြစ် စပိန် အသင်းက ရိုဒရီဂို၊ အကောင်းဆုံး လူငယ်ဘောလုံးသမားအဖြစ် စပိန်အသင်းက လမင်းယမဲလ်တို့ ရရှိသွားကြပါတယ်။ စပိန်က ဥရောပ ချန်ပီယံအဖြစ် ၄ ကြိမ်မြောက် ရရှိသွားတာပါ။

တနင်္ဂနွေနေ့ကကျင်းပတဲ့ ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲမှာလည်း စပိန်နိုင်ငံက အယ်ဇာရက်က ဂျိုကိုးဗစ်ကို ၆-၂၊ ၆-၂၊ ၇-၆ ၃ ပွဲပြတ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ တနင်္ဂနွေနေ့ဟာ စပိန်ပြည်သူတွေ ပျော်ရမယ့်နေ့ ဖြစ်ကောင်းဖြစ်မှာပါလို့ ဂျိုကိုးဗစ် စနေနေ့က နိမိတ် ဖတ်ခဲ့တဲ့အတိုင်း ဖြစ်သွားခဲ့ပါတယ်။